ရေဘိုမိုင်ကကျလာတဲ့ရေတွေအောက် လက်နှစ်ဖက်ကို ထားလိုက်တော့ ရေကြည်တွေက နီမြန်းသွားကြတယ်။ သူက မျက်နှာချင်းဆိုင်က မှန်ဆီမှာပေါ်နေတဲ့ သူ့ပုံရိပ်ကို ကြည့်ရင်း ပါးပေါ်က သွေးစက်တွေကို ဆေးချလိုက်တယ်။ပန်းနုရောင် နှုတ်ခမ်းအနားသတ်လေးတွေက ကွေးညွှတ်လို့။
တကယ်ပဲ ရိပေါ်က အနီရောင်တွေနဲ့ အိပ်မက်ဆိုးတွေကို ပိတ်ကားချခဲ့တယ်။ အဲ့ချိန်ကစလို့ ရိပေါ်က နာကျင်မှုနဲ့ အထီးကျန်ဆန်ခြင်းတွေကို သွေးနီနီတွေနဲ့ ပြေပျောက်စေခဲ့တယ်။ အင်း ...ရိပေါ်က အနီရောင် သိပ်ကြိုက်တယ်။
.....
" ဒါဆို အဲ့ကျောင်းသားရဲ့ အလောင်းကို တွေ့ပြီပေါ့ "
" အင်း...အလောင်းရဲ့ ဦးခေါင်းခွံ့က ပျက်စီးနေတယ်
ခပ်မာမာ အရာတစ်ခုနဲ့ ရိုက်ခံထားရတာ ...သေချာပြောရရင် အသတ်ခံရတာ "ချန်းစကားကြောင့် ရှောင်းကျန့် သက်ပြင်းချမိတယ်။ ဘာလို့ ဒီကျောင်းက ကျောင်းသားတွေပဲ ဖြစ်နေရတာလဲ။
" အခု ကောက အဲ့အမှုကို တာဝန်ယူထားရတာလား"
" အဲ့ကျောင်းသားက ဌာနက ရဲမှူးရဲ့ သား...ရဲမှူးက တိတ်တဆိတ်ပဲ စုံစမ်းခိုင်းတာ အလောင်းပြန်တွေ့တာတောင် ဘယ်သူ့ဆီမှ အသိမပေးဘူး "
" ရှင်း အမှုကကော "
အတန်းချိန်တွေရှိနေတာကြောင့် အတန်းတွေက ကျောင်းသားတွေရဲ့ စာအော်သံတွေကလွဲလို့ အရာရာက တိတ်ဆိတ်နေတယ်။
" ကားသင်္ချိုင်းအနီးအနားက စီစီတီဗွီ မှတ်တမ်းတွေ စစ်ဆေးနေတာ ..."
ရှောင်းကျန့်ကတော့ သက်ပြင်းထပ်ချတယ်။ ရှင်း ပျောက်ဆုံးသွားတာ အတော်တောင်ကြာနေပြီမလား။ ရှောင်ကျန့်ရဲ့ စိတ်ပူသွားတဲ့ မျက်နှာအနေအထားကြောင့် ချန်းက ပခုံးပေါ် နှစ်ချက်ပုတ်လာတယ်။ တိတ်ဆိတ်စွာ နှစ်သိမ့်ပေးခြင်းမျိုး။
Chapter 22 ( Zawgyi )
Начните с самого начала