"ငါ ငါ လာနှိုးချင်လို့ Renjun ကို ခွင့်တောင်းပြီး လာခဲ့တာ"
"ကိစ္စ တစ်ခုခုရှိလို့လား Jeno"
"ငါပြောရင် မင်း စိတ်အနှောင့်အယှက် ဖြစ်သွားမှာလည်း စိုးရိမ်တယ် Injun"
"စိုးရိမ်လောက်ရတဲ့ ကိစ္စပေါ့"
"ဆိုပါတော့ Injun"
"ဘာများလဲ Jeno"
"ငါမင်းကို ချစ်တယ်"
Injun အရှေ့မှာ မိမိကို နှိုးပြီး ကြောင်ကြည့်နေတဲ့ Jeno ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည် ၂မိနစ်လောက်ကြာတဲ့အထိ ရပ်ကာ ကြောင်တောင်တောင် ဖြစ်နေသော Jeno ကို Injun ကြည့်မရတော့
"ရား Lee Jeno"
Jeno အခုမှ သူအတွေးကမ္ဘာထဲ ရောက်နေမှန်း သတိထားမိလိုက်သည်။
"အမ် Injun ပြော"
"ငါပြောတာ ကြားလိုက်လား"
"အာ ဆောရီး မကြားလိုက်ဘူး ဘာပြောလိုက်တာလဲ Injun"
"ငါ မျက်နှာသစ်ပြီး လာခဲ့မှာမို့လို့ အရင်စားနှင့်ကြလို့"
"အော် အင်းအင်း ဒါဆို ငါသွားတော့မယ်နော်"
"အေး"
*ခုနက ငါသူ့ကို ဖွင့်ပြောလိုက်မိတာ မဟုတ်ဘူးလား စိတ်ကူးယဥ်မိသွားတာပေါ့ WTF ဖွင့်ပြောမလို့ အားတင်းထားပါတယ်ဆိုမှ အခွင့်အရေး ရတာတောင် အသုံးမချနိုင်ခဲ့ဘူး တော်တော် အသုံးမကျတာပဲ Lee Jeno ရေ*
Jeno အခန်းထဲက ထွက်တော့ ဘောင်တန်းကို ခလုတ်တိုက်မိပြီး ချော်လဲမလို ဖြစ်သွားသည်။
*အား Lee Jeno အရူးလိုပဲ*
တစ်ဖက်က Injun မှာလည်း Jenoရဲ့ အူကြောင်ကြောင် အပြုအမူကို ကြည့်ရင်း စိတ်ထဲမှာလည်း *Lee Jeno ဘာတွေဖြစ်နေတာလဲဟ*လို့ တွေးမိပြီး ခေါင်းခါကာ ရေချိုးခန်းသို့ ဝင်လိုက်သည်။
အပိုင်း (ခ)
Injun မျက်နှာသစ်ပြီး ထွက်လာတော့ Renjun က အိပ်ရာပေါ် ထိုင်နေသည်။ Injun မျက်နှာကို ပဝါနဲ့ သုတ်ရင်း Renjun ကို စကားပြောလိုက်သည်။
"ကျွန်တော် မျက်နှာသစ်ပြီး ထွက်လာမှာပေါ့"
"အင်း သိတယ်"
YOU ARE READING
Photographer & Guitarist [JaemRen+NoRen]
FanfictionJaemin, Jeno & Renjun/Injun (Twins) JaemRen & NoJun | RenMin & NoRen 💚
Episode 11 (Unicode)
Start from the beginning