Chapter 14 ( Unicode )

Bắt đầu từ đầu
                                    

" အိပ်မက်ပဲ...အိပ်မက်..."

ချွေးတွေစိုရွဲနေတဲ့ ဆံပင်တွေကို ထိုးဖွရင်း ခုတင်ပေါ်က
ထလိုက်တယ်။ ခုတင်ခြေရင်းက စားပွဲခုံဆီ လျှောက်သွားတော့ ညနေတည်းက ချထားခဲ့တဲ့ ကျောပိုးအိတ်ကို
ဆွဲယူဖွင့်ရင်း ထုတ်လိုက်မိတဲ့ အရာက ခပ်ချွန်ချွန် ဓား
တစ်ချောင်း။

စားပွဲခုံပေါ်က စာကြည့်မီးအိမ်ဆီက အလင်းရောင်အောက်မှာ ကြည်လင်နေတဲ့ ဓားရဲ့ မျက်နှာပြင်မှာ ရိပေါ်အရိပ်က
ထင်ဟပ်နေတယ်။

" ကော...."

တကယ်ဖြစ်နေသလိုခံစားခဲ့ရတဲ့ အိပ်မက်ထဲ ရှောင်ကျန့်ရဲ့
လည်ပင်းသားဆီ စိုက်ထိုးလိုက်တဲ့ ဓားချွန် က ရိပေါ်
လက်ထဲက ဓားချွန်နဲ့ တစ်ပုံစံတည်းတူနေတာမို့ ရိပေါ်
လက်တွေက တုန်ရင်လာတယ်။ ထိတ်လန့်စရာ အိပ်မက်က မြင်လွှာတွေထဲ ပေါ်လာတော့ လက်ထဲက ဓားက
ုကြမ်းပြင်ပေါ် ပြုတ်ကျတယ်။

ချွင်ခနဲအသံမြည်ကာ ပြုတ်ကျသွားတဲ့ ဓားချွန်က စာအုပ်တွေကြားလဲလျောင်းနေတယ်။ မတ်တပ်ရပ်နေရာက ဒူးတွေကွေးထိုင်ရင်း ကောက်လိုက်မိတဲ့ ဓားကို ရှောင်ကျန့် က
သေချာကြည့်ပြီး ခဏမှာ သက်ပြင်းချတယ်။

စာအုပ်တွေကို အစီတကျပြန်စီရင်း ကျောပိုးအိတ်ထဲ ထည့်ပေးပြီးအပြီးမှာပဲ အဝတ်အစားလဲပြီးသွားတဲ့ ရိပေါ်က
အနားရောက်လာတယ်။

" ကျွန်တော် ပြန်တော့မယ် ကော "

" ရိပေါ်..."

" ဗျာ .. "

ကျောပိုးအိတ်ကြိုးလွယ်နေရင်း ရိပေါ်ကထူးတယ်။ ရှောင်ကျန့်ကတော့ ထူးလိုက်တဲ့ အသုံးအနှုန်းလေးကြောင့်
ရေးရေးကလေးပြုံးတယ်။

" ကော...ဘာပြောမလို့လဲ "

" နောက်တစ်ခါ ဒီလိုဟာကို အိတ်ထဲမထည့်ထားနဲ့..
ရိပေါ်..."

ကမ်းပေးလာတဲ့ ဓားကိုကြည့်ရင်း ရိပေါ်က ရှောင်ကျန့််ကို
ကြည့်တယ်။ ဘာဆက်ပြောရမလဲ တွေးနေတုန်းမှာပဲ
ရှောင်ကျန့်ကဆက်ပြောလာတယ်။

" သူများတွေတွေ့သွားရင် ရိပေါ်ကို အထင်လွဲကြမှာပေါ့...ကော ပြောတာ နားထောင်နော် နောက်မထည့်ထားနဲ့တော့ "

Douleurs Rouges  [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ