part 1 (Zawgyi&Unicode)

Start from the beginning
                                    

" မင်းက စကားနည်းတယ်နော် "

" ဘာလို့ ? "

ခုမှစသိတဲ့လူတစ်ယောက်က မင်းမြတ်ကို စကားနည်းတယ်နော် လာပြောတော့ နည်းနည်တော့သိချင်လာသည်။

" ဘာမှတော့မဟုတ်ပါဘူး ... ကိုယ်က ပြောနေပေမယ့် အင်း လောက်ပဲ ဖြေလို့ပါ "

" ဟုတ်ကဲ့ ... စကားများများသိပ်မပြောတတ်လို့ပါ "

" ဒါနဲ့ မအိပ်သေးဘူးလား "

" အခုလေးတင် အိပ်တော့မလို့ပဲဗျ . ဒါပဲနော် "

စကားထပ်မပြောချင်တော့တာကြောင့် Line သာ out လိုက်တော့သည်။ ဟိုဘက်က ဘာထပ်ရေးနေလဲမသိ။ ခုန်ပေါက်နေတဲ့ အစက်သုံးစက်ကို လျစ်လျူရှုကာ ဖုန်းချပီး အိပ်လိုက်တော့သည်။

_______

🎼Remember when I told you no matter where I go..I never leave your side you'll never be alone..🎼

Phone ringtone သံကြားတာကြောင့် မင်းမြတ်အိပ်ရာမှ ကမန်းကတမ်းထကာ ဘေးစားပွဲပေါ်ကဖုန်းကို အမြန်ယူပီးကိုင်ရသည်။

" ဟယ်လို "

" ဝဲစား ...! နင်အခုထိသေနေတုန်းလား ... ဒီနေ့ presentation ရှိတယ်နော် ... နင်နောက်ကျလို့ကတော့ သေဖို့သာပြင်ထား "

" အေးပါ သူသူရာ . ငါနိုးနေပါပီဟ ... ရေချိုးနေလို့ ဖုန်းကိုင်တာကြာနေတာပါ ... ငါခဏနေ ထွက်လာတော့မှာ "

" သောက်ဗရမ်းဗတာ မပြောစမ်းနဲ့ . နင့်အသံကြားတာနဲ့ နင်ခုချိန်ထိသေနေတုန်းဆိုတာ ငါသိတယ် ... ခုချက်ချင်းထနော် . အေး နောက်ကျနေရင် ရောက်လို့ကတော့ အရေခွံဆုတ်မယ် . ဒါပဲ မြန်မြန်လာ "

တီ .....

အသံတိတ်ကျသွားသော ဖုန်းကိုကြည့်ကာ ခေါင်းသာရမ်းမိတော့သည်။ ဒီကောင်မလေးကတော့ကွာ . ဘုရားစူးမိန်းကလေး ... သူသူ့လိုမိန်းမကြမ်းမျိုးကို အသေရရ အရှင်ရရ လိုက်နေကြတဲ့ လူတွေကိုအံ့သြသည်။

ပြောသာပြောရတယ်။ သူသူဆိုတာက မင်းမြတ်နဲ့ငယ်သူငယ်ချင်းမလို့သာ တစ်ယောက်နဲ့တစ်ယောက် အားမနာလျှာမကျိုး သူမသာကိုယ်မသာ ဆဲဆိုနေကြတာ။ သူသူက မင်းမြတ်နဲ့ကိုစိုင်းကလွဲလို့ ဘယ်သူ့မှအဖက်လုပ်တာမဟုတ်။ တကယ်လည်း E-major က Princess မလို့ သူသူ့ကို စိတ်ဝင်စားသူများလှသည်။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now