အပြစ်မတင်နဲ့တဲ့။အျပစ္မတင္ပါနဲ႕

Start from the beginning
                                    


အဲ့ဒါကြောင့် အပြစ်တင်ခြင်းဟာ..ရှုံးနိမ့်မှုရဲ့ လမ်းစလိုဖြစ်နေတဲ့အတွက်... ကိုယ့်ကိုယ် အပြစ်မတင်ပါနဲ့။ကိုယ့်သူငယ်ချင်း ကိုယ့်လုပ်ဖော်ကိုင်ဖက် တွေကိုအပြစ်မတင်ပါနဲ့။ ဘယ်သူ့ကိုမှ အပြစ်မတင်မိအောင်နေပါ။ တကယ်လို့ အပြစ်တင်ချင်စိတ်ဖြစ်နေပြီဆိုရင်... အပြစ်တင်ချင်တဲ့စကား.....စာ စသဖြင့် ပြောချင် ရေးချင်နေပြီဆိုရင်.. တစ်ရက်လောက် စောင့်စားလိုက်ပါ။နောက်ရက်ရောက်မှပြောလိုက်ပါ။ စောင့်စားနေတဲ့အတောအတွင်းမှာ.. ကိုယ်အပြစ်တင်မယ့်စကား စာနဲ့ ကိုယ့်ကိုကိုယ် ပြန်အပြစ်တင်ကြည့်ပါ။


ငါ့ကိုရော..တစ်ယောက်ယောက်က ဒီလိုစာ ..ဒီလိုစကားမျိုးနဲ့ အပြစ်တင်လာရင်.. ငါဘယ်လိုလုပ်မလဲ..ငါကြိုက်မှာလား...ငါဒေါသထွက်သွားမှာလား... ပြန်ပြီးတော့ချေပမှာလား..စသဖြင့်အရင်စဉ်းစားပါ။အတတ်နိုင်ဆုံးတော့... ကိုယ့်ကိုကိုယ်ရော...တခြားသူကိုပါ..အပြစ်တင်တာမျိုးတွေမလုပ်မိအောင်ကြိုးစားကြည့်ပါ။ renကတော့ ကြိုးစားနေဆဲပါ။


အရင်ကတည်းက ကိုယ်မှန်တယ်ထင်ရင်..မှားနေတဲ့သူကို အပြစ်တင်တတ်လို့.. ဆက်ဆံရေးတွေ သွေးအေးသွားခဲ့တာအများကြီးပါ။အခုတော့ အတတ်နိုင်ဆုံး ဘယ်သူ့ကိုမှ..အပြစ်မတင်မိအောင် ကြိုးစားနေပါတယ်။renမိတ်ဆွေတွေလဲ..ဘယ်သူ့ကိုမှအပြစ်မတင်မိအောင်နေကြည့်ပါ။ အနည်းဆုံးတော့ မိတ်ဆွေ တိုးပွားလာနိုင်ပါတယ်။ ရှိနေကြ မိတ်ဆွေတွေနဲ့လဲ ပိုပြီး ရင်းနှီးတဲ့ ခိုင်မာတဲ့ဆက်ဆံရေးကို ရနိုင်ပါတယ်။ ချစ်ခြင်းဖြင့်#Ren#Sharing_is_caring


#zawgyi

အပြစ်မတင်နဲ့တဲ့။

ကိုယ့်ကိုကိုယ်လဲအပြစ်မတင်နဲ့၊ တစ်ပါးသူကိုလဲ အပြစ်မတင်နဲ့တဲ့။

ဒီနေရာမှာ ကိုယ့်ကိုကိုယ် အပြစ်တင်တတ်တဲ့သူကတော့ရှားပါတယ်။ အများအားဖြင့် လူတွေရဲ့သဘာဝက သူများရဲ့အပြစ်ကိုပဲမြင်တတ်ကြတယ်။

ကိုယ့်အပြစ်ကိုကျ အပြစ်လို့မမြင်တတ်ဘူး ။ ကာထားကြတတ်တယ်။ လောကမှာ အလွယ်ကူဆုံးအလုပ်က သူများကိုအပြစ်တင်တဲ့အလုပ်ပဲတဲ့။

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now