လန်ချီရန်ပြောရင်း လန်ဝမ်ကျိအား စိတ်ဆိုးစွာကြည့်လိုက်သည်။

ကျွန်တော်လည်း အဲဒီ့ စည်းကမ်းတွေအကြောင်း ပြောချင်လို့ ရောက်လာတာ စည်းကမ်းအချက် ၄၀၀၀ ထောင် ထဲမှာ သူများ ပစ္စည်း မသိအောင် မယူရဘူးလို့ မပါဘူးလား ?

ပါတယ်လေ မင်းဒီလောက် စည်းကမ်းတွေ အကြိမ်ပေါင်းမနည်းကူးရေးနေရတာတောင် မမှတ်မိဘူးလား  ဝေ့ဝူရှန်း ။

အဟမ်း! အဟမ်း! အဟမ်း ပါမှန်းသိတယ်လေ သေချာအောင် ထပ်မေးတာ ခုနကလေးတင် အကြွေးတောင်းသလို ရန်တွေ့ နေသော ဝေ့ဝူရှန်းတစ်ယောက် လန်ချီရန် စကားကြောင့် ဇက်ပုကာ လန်ကျန့် နောက် မသိမသာ ပုန်းရင်း ဖြေသည်။ 

ဒါဆို ဘယ်အသုံးမကျတဲ့ တေလေကြမ်းပိုးက ကျွန်တော်နဲ့ လန်ကျန့် အခန်းထဲဝင် ပြီး လန်ကျန့် ကျွန်တော့်ကိုပေးထားတဲ့ တန်ဖိုးဖြတ်မရတဲ့ပစ္စည်းတွေ ကိုဖျက်ဆီးသွားရတာလဲ?

ဟမ်! ဝေ့ဝူရှန်း စကားကြောင့် လန်ဝမ်ကျီ ခပ်ရေးရေးလေးပြုံးလိုက်မိသည် ထိုအပြုံးကိုပင် လန်ချီရန် မြင်ဖြစ်အောင် မြင်ကာ သွေးကြောများထောင်တက်လာသည်။

ဘာပစ္စည်းလဲပြောစမ်းပါအုံး တွန့် တွန့် လူး ဖြစ်နေရအောင်။

ဧကရာဇ်အပြုံး ဘာ!!!!!!!!!!!!

ဝေ့ဝူရှန်း!!!!!!! ဟုတ်တယ် အဲဒါတွေက နည်နည်ရရမဟုတ်ဘူး လန်ကျန့် ခဗျာ ကျွန်တော့ကို သတိရတိုင်း ဝယ်ဝယ်စုထားတဲ့ဟာကို ဘယ်ကအလေနက်တောက ဝင်ပြီးမွှေသွားလည်းမသိဘူး။

မင်း! မင်း!မင်း!

ဝေ့ဝူရှန်း မင်းကငါလုပ်တယ်များထင်နေတာလား?

ထင်နေတာမဟုတ်ဘူး လုပ်ကိုလုပ်တာဟူသော မျက်ဝန်းများဖြင့် ကြည့်နေသောကြောင့် လန်ချီရန် ဝေ့ဝူရှန်းအားကြည့်ရင်းဖြင့်ပင် လည်းပင်းများ အတုံးလိုက်အတစ်လိုက် ညစ်ချင်စိတ်များပေါ်လာပြီး သွေးများပင်အန်ချင်လာသည်။

တင်းမာနေသော အခြေအနေကို လန်ရှီးချန်ကပင် ဝင်ဖြန်ဖြေလိုက်သည်။

မဟုတ်ဘူး ဦးလေး ဝေ့သခင်လေး ပြောချင်တာက လန်ဂိုဏ်းကမဟုတ်ဘူး ဆိုရင် အရင်တစ်ခါလိုဖြစ်မှာ ဆိုးလို့ သတိပေးချင်တာ ဟုတ်တယ်မလား ဝမ်ကျီ၊ဝေ့သခင်လေး။

Is That Love!Место, где живут истории. Откройте их для себя