Ann Lee ရယ် Van Sant ရယ် ဆုံပြီးချိန်မှာတော့ မင်းသားတွေကို စိတ်ကြိုက်ရွေးဖို့ လျောက်လွှာခေါ်လိုက်တယ်.. အမေရိကန်ရဲ့ မင်းသားချောတွေ လာလျောက်ကြတယ်.. Jack နေရာ အတွက် ၃ ယောက် စကာတင်ကျန်တယ် Orlando Bloom , Johnny Depp နဲ့ Jake Gyllenhaal .. တော်တော်လေး ခေါင်းစားအောင် စဉ်းစားပြီးမှ Jake Gyllenhaal ကိုရွေးလိုက်တယ်..

2003 မှာ ကမ္ဘာကို ကြေငြာလိုက်တယ်.. Ennis အဖြစ် Headth Ledger , Jack အဖြစ် Jake Gyllenhaal သရုပ်ဆောင်ကြမယ် ..

ရိုက်မယ်ဆိုတော့ ဝတ္တုထဲက ဇာတ်အိမ်တည်နေရာဖြစ်တဲ့ Wyoming မှာ ရိုက်ဖို့ စီစဉ်ထားတယ် ဒါပေမယ့် Canada က Southern Alberta မှာပဲ တစ်ကားလုံးလိုလို ဖြစ်ခဲ့တယ်.. ဇာတ်ကားကို မရိုက်ခင် Ann Lee ဟာ Wyoming က location တွေကို သွားကြည့်ခဲ့တယ်.. သူကပြောတယ်တစ်နေရာထဲတော့ အဆင်မပြေဘူး ငါတို့လိုချင်နေရာတွေက တစ်နေရာစီ.. ဒါနဲ့ပဲ.. Goat Creek , Upper Kananaskis Lake , Elbow falls နဲ့ Canyon Creek အပါအဝင် Alberta တောင်ကြောတစ်လျောက် နေရာအနှံ့ ရိုက်ကွင်းတည်ခဲ့ကြတယ်... 2003 နွေရာသီမှာ စရိုက်ခဲ့တယ်...

2005 ခုနှစ်မှာ.. ရိုက်ပြီးလို့ press show ပြတဲ့ အချိန်မှာ မူရင်းစာရေးဆရာမ Prolux ဟာ အရမ်းကို အံသြသွားတယ် ဇာတ်ညွှန်း ပြန်ရေး တဲ့ Larry McMurtry နဲ့ Diana Oss ana တို့ ကို အတတ်နိုင်ဆုံးပါဝင်ကူညီပေးခဲ့ပေမယ့် ဒီလောက်ထိ ဆွဲဆောငိမှုရှိတဲ့ ဇတ်ကားထွက်လာလိမ့်မယ်လို့ မထင်မိခဲ့ဘူး.. သူမ ဟာ ဂုဏ်ယူစွာပြောခဲ့တယ်..

....ကျွန်မတို့ အမေရိကန် ရုပ်ရှင် သမိုင်းမှာ ပထမဆုံး ဝတ္တုတို တစ်ပုဒ်နဲ့ ရုပ်ရှင်ဇတ်ကားကောင်းကြီးတစ်ခုကို ထုတ်လုပ်နိုင်ခဲ့တယ်.. ပထမဆုံးပဲ.. jank နဲ့ Ennis ဟာ အမြဲတမ်း ရှင်သန်နေတော့မယ်...

ရုပ်ရှင်ကား ကုန်ကျစရိတ်ဟာ Dollor 14 million ရှိခဲ့ပေမယ့် ကြေငြာစားရိတ်ဟာ 5 million တဲ့ .. အရမ်းများတာပဲ.. ဒါပေမယ့်.. ပထမဆုံး ရုံတင်တဲ့အပတ်မှာတင် ဝင်ငွေ 5 million ဝင်ခဲ့တယ်.. ခရစ်စမတ် ပြီးချိန်မှာတော့ box office မှာ သူလောက် အောင်မြင်တဲ့ကား မရှိတော့ဘူး.. 2006 January မှာ အမေရိကန် နိုင်ငံတစ်ဝှမ်းက ရုပ်ရှင်ရုံ ပေါင်း 2000 ကျာ်မှာ တပြိုင်နက်ပြသခဲ့တယ်.. 95 million ကျော် ဝင်ငွေရခဲ့ပြီး.. တကမ္ဘာလုံး world wide ပြသချိန်မှာ ဝင်ငွေဟာ 175 million ကျော်ရခဲ့တယ်.. 1980 ကနေ လက်ရှိ 2006 အထိ ဝင်ငွေအကောင်းဆုံးရုပ်ရှင် အဖြစ် နံပါတ် ၈ နေရာကို ရက်ပေါင်း 133 ရက်အတွင်း ချိတ်နိုင်ခဲ့တယ်..

brokeback mountainМесто, где живут истории. Откройте их для себя