အပိုင်း{၂၁}

Начните с самого начала
                                    

ဘယ်လိုလုပ်ပေးရမည်မှန်းလည်း မသိနိုင်ကြ...

Kris Wuကိုသာ ဒီလို လက်လွတ်စပယ် ပစ်စလက်ခတ် လုပ်သွားရကောင်းလားဟု ဒေါသထွက်နိုင်ကြသည်.

အဲဒီနေ့က...

❤ လူသားတစ်ယောက်ကို ချစ်မိခြင်း❤

"အဲတော့ သူက ကနေဒါကို အပြီးပြောင်းသွား
တာလို့ ပြောတာလား😦"

"ငါ သေချာမသိဘူး...Sehun...ပြောင်းသွား
တာတော့ အမှန်ပဲ...အပြီးလား ဆိုတာတော့...
ငါလည်း မပြောတတ်ဘူး😷"

Byun Baek က...
မျက်လုံးလေး ကလယ်ကလယ်နှင့် ကျွန်တော်တို့မျက်နှာများကို လိုက်ကြည့်နေသော Taoကို မျက်နှာလွှဲလိုက်ရင်း...
စကားစကို...လေးကန်စွာ ဖြတ်တောက်လိုက်သည်...

"ခဏ...အလည်အပတ်သွားတာမျိုး...ဖြစ်ရင်
ဖြစ်မှာပေါ့😐"

Kim Kai က အကောင်းဘက်မှ လှည့်တွေးပြီး
ဖြစ်နိုင်ခြေကို ဝင်ရောက်ပြောပြသည်......

အချစ်ကတော့ မျက်တောင်လေး ပုတ်ခတ်
ပုတ်ခတ်နှင့် အခြေအနေကို အကဲခတ်နေ
ခဲ့သည်...

"ဟုတ်တယ်...ကျောင်းထွက်သွားပြီ😑"

ရုံးခန်းမှ ပြန်လာပြီး ငူငူကြီး ထိုင်ချကာ...
တုံးတိကြီး ပြောချလိုက်သော JunMyeon Hyung စကားကြောင့် ကျွန်တော်တို့ ရင်ထဲတွင် မေးခွန်းများနှင့် ပို၍ပူလောင်လာသည်...

"အဓိပ္ပာယ်မရှိတာ😅"

Kim Kai အသံက မာသည်...
လက်ခံနိုင်စရာမရှိသည့် အခြေအနေကြီး ဖြစ်ပျက်နေသည့်အပေါ် စိတ်ဆိုးဒေါသထွက်လာဟန် ရှိသည်...

"Hyung...ကျွန်တော့်ကို မနောက်ပါနဲ့😣"

Taoက...မျက်ရည်ဝဲနေပြီ...

"သူ သွားမယ်ဆိုလည်း ကျွန်တော်တို့ကို တစ်ခုခု ပြောသွားမှာပေါ့"

မဖြစ်နိုင်ပါဘူးဟု...အတည်ပြုရင်းမှပင် ဒါ...
အမှန်တရားတစ်ခုမှန်း...ကျွန်တော်တို့ ပို၍
သေချာလာကြသည်...

"Ge...Ge ငါ့ကို မ...ချစ်...ဘူး...ကွာ😞..."

ကျွန်တော် ခံပြင်းစွာ တောက်တစ်ချက် ခေါက်မိသည်...အနည်းဆုံးတော့ အကျိုးအကြောင်း
ပြောသွားမှပေါ့...

လူသားတစ်ယောက်ကို ချစ်မိခြင်းМесто, где живут истории. Откройте их для себя