ဗီလိန်​၏၀ဋ်​လည်​ခြင်း

Bắt đầu từ đầu
                                    

Lee ​ပြောတဲ့စကားက...
အရှိုက်​ထိထိမှန်​သည်​.....
ကျ​နော်​ ဘယ်​လို​နေရမယ်​မသိ​ပေ....
ပြသနာ​တွေ ဖြစ်​​နေပါတယ်​ဆိုမှ.....

သူမက​တော့....ချက်ချင်း​​​ပြန်​ပြုံးပါသည်​....

"ကျွန်​မက ကျွန်​မခင်​ပွန်းကို
အပြည့်​အ၀ယုံပါတယ်​...."

"Haaaaaaa
ဟုတ်​ပါပြီဗျာ....
ကျ​နော်​တို့က​တော့....အပြင်​မှာ
ကျင်​လည်​ပါများ​တော့....
အိမ်​က အဘွားကြီးကို
ထိ​တောင်​မထိချင်​​တော့ဘူး....."

Shin က အားတုံ့အားနာပြန်​ပြုံး​ပြပြီး....
ဘာမှဆက်​မ​ပြော​တော့သည်​မို့.....
စကားဝိုင်းကတိတ်​သွားသည်​.....

Birthday party က မစ​သေးတာမို့....
အားလုံး စား​သောက်​တုန်းရှိ​သေးသည်​....

ထိုစဉ်​.....

"ဟာ....အစ်​မ ​တောင်းပန်​ပါတယ်​ဗျာ..
မမြင်​လို့ပါ....."

ကျ​နော်​တို့​ဘေးမှ.... ဖြတ်​သွား​သော
ဧည့်​သည်​​ကောင်​​လေးတစ်​​ယောက်​က
Shin ကိုတိုက်​မိသွားသဖြင့်​....
တောင်းပန်​​နေခြင်း...ဖြစ်​သည်​....

ထို​ကောင်​​လေး လက်​ထဲမှ.၀ိုင်​ခွက်​​ကြောင့်​..
Shin ရဲ့ ဂါဝန်​အဖြူ လည်း...
ပေသွားသည်​.....

"ရတယ်​...​မောင်​​လေး...ရတယ်
မ​တော်​တဆပဲဟာ..."

ချက်​ချင်း....မဆိုင်းမတွ......
.ပြန်​​ပြောသူShin.....

ကျ​နော်​ Shin ကို
သ​ဘောကျတဲ့ အချက်​ထဲတွင်​...
သူမရဲ့ စိတ်​ဓာတ်​လည်းပါသည်​.....

သူမ၀တ်​ထား​သော ဂါဝန်​သည်​....
တန်​ဖိုးကြီးလွန်းလှသည်​.....

ဂါဝန်​မှာ အဖြူ စွတ်​စွတ်​မို့...
လျှော်​ရင်
ပြောင်​မှာ​မ​သေချာ​သော်​လည်း....
ထို​ကောင်​​လေးကို 
ဒေါသမထွက်​​သောသူမသည်​ 
လေးစားဖွယ်​ပင်​.....

ထိုစိတ်​ဓာတ်​မျိုးသည်​...​တော်​ရုံလူတွင်​မရှိ...
ယုတ်​ဆွအဆုံး...
ကျ​နော့်​ Ma တွင်​​တောင်​မရှိခဲ့​ပေ....

"Shin ဘယ်​လိုလုပ်​မလဲ.....
ကျ​နော်​ အသစ်​ယူလာခိုင်းလိုက်​ရမလား.."

သို့.....ချစ်​​သောဗီလိန်​...[ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ