အပိုင်း (၃၃)

Start from the beginning
                                    

အစ်ကိုက ပုဆိုးထက် ဘောင်းဘီနှင့် အခုပုံစံက ပိုမိုက်သည်။ ဒါကိုပင် အစ်ကိုက ရွာမှာ တစ်ခါတစ်လေ မေ့မေ့လျော့လျော့ ရှိမှ ဘောင်းဘီဝတ်တတ်တာမျိုးပင်။ ကျွန်တော်ကတော့ ဝတ်ဆင်နေကျ ပေါ့ပေါ့ပါးပါး အင်္ကျီနှင့် ပုဆိုးဖြင့် ဖြစ်သည်။ အစ်ကိုက တစ်ခြား အဝတ်အစားတွေ ဝတ်ဖို့ ခွင့်ပြုပေမယ့် ညအိပ်ပေါ့ပေါ့ပါးပါးလောက်ပင် ကျွန်တော်က ဝတ်တတ်ပါသည်။ ကျောင်းတက်နေစဉ်အတွင်း ရွာမှာကတည်းက အထူးတလည် မဝတ်ခဲ့သည်မို့လည်း ပါမည် ထင်သည်။

ဒါပေမယ့် အစ်ကိုကတော့ သူနှင့်အတူ သွားမယ်ဆိုရင် သူ့စိတ်ကြိုက်ဖြစ်မည်ဆိုရင် ဘာကိုမှ မပြောတတ်ပါ။ အဓိက ကတော့ သူ့မျက်စိအောက်မှာ ရှိနေပြီး သူစိတ်ချရသည့် နေရာဆိုရင် ရပါသည်။ ကျွန်တော်တို့ အစ်ကိုတို့ သွားမယ့် နေရာက အနီးအနား ဆိုင်တစ်ဆိုင်မှာ ထိုင်သည်။

"ကဲ... ငဦးစာ.. ကြာရင် ပရုတ်လုံး ဖြစ်တော့မယ်... ညဘက်တွေအိပ်ရောအိပ်ရ ရဲ့လား.."

ဆိုင်မှာ ထိုင်သည်နှင့် ကျွန်တော့်ဘေးနား အစ်ကိုရှိနေရင် ဘာမှမပြောပေမယ့် အစ်ကိုက ကျွန်တော့်အတွက် menu သွားယူချိန်မှာတော့ .. ထိုလေးယောက်ထဲက အစ်ကို တစ်ယောက်က ... မေးလာသည်။ ပြောလိုက်ရင် အစ်ကို့အတိုင်းပင် ပွင့်ပွင့်လင်းလင်း အရင့်တွေချည်း ဖြစ်သည်။

သေရမယ့်သူက သူတို့သေဆိုတဲ့ စကားနဲ့ပင် သေရမည် ဖြစ်သည်။

သူတို့စကားကို ဘယ်လိုပြောရမလဲ ပြန်လည်စဉ်းစားချိန်မှာပင် ထိုအဖွဲ့ထဲမှ တစ်ယောက်ကတော့...

"ကျော်ကြီး.. မင်းကတော့ တစ်လုတ်စာလေးကို သွားပြောပြန်ပြီ..။ ဟိုမှာ ပြန်လာရင် သိလို့ကတော့ တစ်ချက်ကျွေးခံနေရမယ်.."

"အေးပါ ငကောင်းရာ ငါက ဒီအတိုင်း သိချင်စိတ်နဲ့ မေးလိုက်မိတာပဲ ရှိတာပါ။ အဲ့ဒီကောင်က ရွာမှာ ဒီဟာလေးကို တွေ့ပြီးကတည်းက sensation တွေ အရမ်းများလာတာ။ မင်းလည်း သိလိုက်သားနဲ့.. အရင်တုန်းကဆို ဘယ် plus site ဝင်ဝင် ဆရာသမားက အေးဆေးပဲ။ အဲ့ဒီက ပြန်လာတဲ့ နေ့ကို သိတယ်မလား? နည်းနည်း Bj လေး ပြကြည့်လိုက်တာ... ဆရာသမားက အေးအေးဆေးဆေးနဲ့ကို ပြီးသွားတာ..။ ပြီးတော့ သူ့လက်ကို နဖူးပေါ်တင်.. ခုံကို မှီလိုက်ပြီး တိတ်ဆိတ်ပြီး ပြုံးနေတာလေ..။ သူ့စရိုက်လည်း သိလိုက်တာနဲ့ ဒါကြောင့်သိချင်တာပါ။"

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (s2- complete)Where stories live. Discover now