ထို့အပြင် ဒီနေ့ပွဲကိုလာရသည့်အကြောင်းအရင်းက သူ့ကိုခင်မင်ကြသည့်မိတ်ဆွေ သူငယ်ချင်းတွေအား ရှောင်မနေချင်တော့ပါဘဲ စိတ်ကိုလွှတ်ချပေးချင်ခဲ့တာလည်းပါသည်။အဲ့ဒီ့သူအပေါ်မှာ ထားတဲ့သူ​၏အချစ်တွေက တစ်စတစ်စပျောက်ဆုံးသွားခဲ့တာလည်း ကြာပြီဖြစ်ပြီး အခုချိန်မှာ လုံးဝကိုပျောက်ဆုံးသွားခဲ့ပြီဖြစ်မှန်း ဂယူဘင်းက လက်ခံထားနိုင်ခဲ့ပြီဖြစ်သည်။

"ဂယူဘင်း ရား. ဒါက ဘယ်လောက်တောင်ကြာနေပြီလဲ"

ဂယူဘင်းက သူ​၏ပခုံးကိုဖက်ရင်းဆိုလာသော အတန်းဖော်ဟောင်း ကင်မ်ထယ်ရယ်အား ရယ်ပြရင်း

"လွမ်းနေတာမလား"

"ဒါပေါ့ ငါတို့ရဲ့အငယ်ဆုံးလေးကို"

ဂယူဘင်းထက်အရပ်အနည်းငယ်နိမ့်သည့် ထယ်ရယ်က ပခုံးကိုမမှီတမှီလှမ်းဖက်တဲ့အခါ ဂယူက ခန္ဓာကိုယ်ကို မတ်ပစ်လိုက်ရင်း စနောက်တော့ ပိကျိပိကျိရန်တွေ့သံတွေကထွက်ပေါ်လာသည်။

"လာ လိုက်ခဲ့ ဟိုဘက်ဝိုင်းမှာ ငါတို့တစ်ဖွဲ့လုံးရှိတယ်"

တကယ်ကို ဟိုး အရင်အချိန်တွေပြန်ရသွားသမျိုးခံစားလိုက်ရသည့်ဂယူဘင်းမျက်နှာထက်တွင်အပြုံးသေးသေးလေးဟာ မပြတ်တမ်းချိတ်ဆွဲလျက်ရှိနေခဲ့သည်။

"ငါတို့အငယ်ဆုံးလေး ကိုယ်ထင်ပြခဲ့ပြီပဲ"

"ကင်မ်ဂယူ လာပါဦး လာပါဦး"

"အ! အ! ဟာအိုဟျောင်း လွန်မယ်နော်"

မေဂျာမတူ နှစ်မတူပါဘဲ စုမိကြသည့်သူတို့အဖွဲ့က အတော်လေး chemမိကြသည့်အပြင် သူတို့ကျောင်းတက်သည့်နှစ်မှာဆို နာမည်ကြီးအဖွဲ့တစ်ခူဖြစ်သည်။ခြောက်ယောက်လုံးက သူတို့မေဂျာအသီးသီးတွင် လူကြိုက်များကြပြီး တစ်ချို့ဆို princeလို့တင်စားလောက်သည်အထိ ချောမောကြသော ကောင်ချောလေးတွေစုထားသည့် အဖွဲ့ဖြစ်တာကြောင့်လည်း လူသိများရေပန်းစားသောအဖွဲ့တစ်ခုဖြစ်လာခဲ့တာဖြစ်သည်။

"အား! ဆောင်းဟန်တောက်ပရဲ့အချစ်ကလေးရေ နာတယ်ဗျ"

ဂယူဘင်းက သူ့ကိုဂုတ်ကနေဆွဲကာ လက်မောင်းကြားထဲဖိညှပ်ထားသည့် ကျန်းဟာအိုလက်ထဲတွင်ကလန်ကလားဖြင့် ယက်ကန်ယက်ကန်ဖြင့်။မက်သရူးနှင့်ထယ်ရယ်က ထိုအဖြစ်အပျက်အားကြည့်ရင်း ရယ်နေလျက်ရှိသည်။

Ex-husband's present partner likes me so muchWhere stories live. Discover now