အခန်း (၁၁၄) အဆက်

Bắt đầu từ đầu
                                    

"အခုဖြစ်နေတဲ့ပြဿနာက ဆေး ရှာမတွေ့တာ မဟုတ်ဘူး"

ယဲ့ကျင်က ပြောသည်။

"ဖြစ်နေတာက ငါ အခု ဘာဆေးသုံးရမလဲဆိုတာကို မသိတာဘဲ"

ဖုန့်ကျိုယဲ့သည် သိုင်းပညာလေ့ကျင့်နေစဉ်က မနည်းလှသော အဆိပ်ရှိ ပိုးကောင်များကို ထိတွေ့ခဲ့ပြီး ခုနက အရိုးဖြူများထက်တွင်လည်း တစ်ယောက်ယောက်က အဆိပ်သုတ်လိမ်းထားသေးသည်။ မည်သို့သော အဆိပ်ကို အသုံးပြုခဲ့ကြောင်း ရှာမတွေ့သေးသရွေ့ ဤအဆိပ်ဟာ ဖြေဆေးမရှိသော အဆိပ်နှင့် အလားတူပါပင်။ လျှို့ဝှက်တပ်သားများက ကြက်သေသေနေကြပြီး တိတ်ဆိတ်သွားကြတော့သည်။

"ငါ အထဲဝင်ပြီး ကြည့်ကြည့်မယ်"

ကျန်းရန်က တံခါးတွန်းဖွင့်၍ ဝင်သည်။

"သစ်ရွက်ကလေး ဝင်လာခဲ့၊ ကျန်တဲ့လူတွေ အပြင်မှာပဲ နေဦး"

အခန်းထဲတွင် ဆေးနံ့များ အပြည့်။ ချင်ရှောက်ယွီက ခုတင်ထက်၌ လှဲနေသည်။

မျက်နှာတွင် သွေးရောင် လုံးဝ မရှိဘဲ နံရံထောင့်၌ သွေးပေနေသော ပတ်တီးစများ တစ်ပုံတစ်ပင်ကြီး ရှိနေရာ ကြည့်မိရုံနှင့်ပင် ရင်ထဲ ထုံကျဉ်သွားရ၏။

ဒါကြောင့်လည်း ယဲ့ကျင်က ရှန်ချန်းလင်ကို ဝင်မလာခိုင်းတာကိုး။

ကျန်းရန်က မျက်မှောင်က ကြုတ်လျက် သူ့အသက်ရှုနှုန်းကို စစ်ဆေးလိုက်သည်။

"ခုနကဆို သူ အသက်တောင် မရှုတော့ဘူး"

ယဲ့ကျင်က ခုတင်ဘေး၌ ရပ်ကာ သက်ပြင်းချလျက် ဆိုသည်။

"ငါ သူ့ကို ဇာမဏီတောင်ပေါ် ခေါ်သွားမယ်"

ကျန်းရန်က ပြောသည်။

"လူကြီးမင်းမှာ ကယ်နိုင်တဲ့နည်းလမ်းရှိလို့လား?"

ယဲ့ကျင်၏ မျက်ဝန်းထဲကနေ အံ့သြဝမ်းသာမှုများ ထွက်ပေါ်လျက်။

"တောင်ပေါ်မှာ နှစ်တစ်ရာ ဟန်ယွိဂူရှိတယ်"

ကျန်းရန်က ဆို၏။

"အနည်းဆုံးတော့ သူ့ကို ကာလတိုအတွင်း အသက်အန္တရာယ် မရှိအောင် ထိန်းသိမ်းပေးနိုင်မယ်"

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Nơi câu chuyện tồn tại. Hãy khám phá bây giờ