အနောက်မှခါးလေးကိုဖက်ထား၍
ပုခုံးပေါ်တင်ထားသောမဟာခေါင်းလေးကိုဖွဖွလေးပွတ်ပေးနေသော သူမ ပါးလေးကိုမဟာနမ်းလိုက်ရင်း

"ကလေးလေးကလဲမခွဲရပါဘူးရန်ကုန်ကအလုပ်တေပြီးရင်ကလေးလာချင်တဲ့ချိန်တိုင်းလာလို့ရပါတယ် ဒါမှမဟုတ်ကိုကိုတို့လက်ထပ်ပြီးဒီကမ်းခြေမှာပဲ
သားသားမီးမီးလေးတေနဲ့အတူ
ဒီမှာနေကြမယ်ဆိုရင်ရော"

"ကိုကိုနော်အခုမှချစ်သူဖြစ်ယုံရှိသေးတယ်
အဆင့်တေတအားကျော်တာပဲ"

နုတ်ခမ်းလေးဆူကာမျက်စောင်းထိုးလာသူလေးရဲ့ပါးကိုမဟာဆပ်ခနဲနမ်းလိုက်ရင်း

"ကလေးကလဲကိုကိုတကယ်ပြောတာ
ကိုကိုတို့သားသားမီးမီးလေးတေမွေးရင်ပေးဖို့
နံမည်တောင်စဥ်းစားပြီးသွားပြီ"

" ဟာကိုကိုကလဲဘာတေပြောနေမှန်းလဲမသိဘူး
ရှက်စရာကြီး"

" ရှက်စရာမှမဟုတ်တာကလေးရယ်နောက်ကျ
ဖြစ်လာမှာပဲကိုဒါမှာမဟုတ်ရင်အမွှလေးမွေးပေးလေ"

" ဟာကိုကိုနော်ပြောလေဆိုးလေဘာမှန်းလဲမသိဘူး"

တေးတယောက်ရှက်ကို့ရှက်ကန်းဖြစ်ကာရဲလာသော
ပါးလေးနှစ်ဖက်ကိုလက်လေးနဲ့ကိုင်ရင်းအခန်းထဲသို့
ပြေးဝင်သွားလေသည်

🛬🛬🛬🛬🛬

"အကိုလေးတို့ပြန်လာပြီလား "

ကုမဏီရှေ့သို့ကားရောက်ရောက်ချင်းနုတ်ဆက်လာသောကိုတိုးကို တေးပြုံးပြရင်း

"ဟုတ်ဦးတိုး"

" ဒါနဲ့ကိုတိုးအလုပ်ကိစစကိုဒီလွှဲလိုက်တာ
အဆင်ပြေရဲလား"

" ပြေပါတယ်အကိုလေးကျွန်တော်အားလုံးစီစဥ်ပြီးပါပြီ"

" ဟုတ်ပြီဒါဆိုသူတို့နဲ့တွေ့ဖို့ပြင်ဆင်ထားလိုက်ပါ"

" ဟုတ်အကိုလေးကိုတိုးလုပ်လိုက်ပါ့မယ်"

မဟာမှာစရာရှိတာမှာပြီးတေးခါးလေးကိုဖက်ကားကုမဏီထဲကိုဝင်သွားလေရာအနောက်တွင်ကျန်ခဲ့သော
ကိုတိုးကကြည့်ပြီးအခြေအနေကိုနားလည်စွာ
ပြုံးလိုက်လေသည်

"ကိုကိုဒီအတိုင်းကြီးအလုပ်ထဲဝင်သွားလို့
မကောင်းဘူးထင်တယ်နောိ"

ချစ်ခြင်းမေတ္တာတို့ရှိရာ (Completed)Where stories live. Discover now