Part 3

337 50 1
                                    

"ကျန်းဟောက် မင်း ဆောင်းဟန်ဘင်းကိုဖွင့်ပြောထားတာလား"

"ဟုတ်တယ် ဒါပေမဲ့ အခုမဟုတ်တော့ဘူး"

"ဟမ် မင်းပြောချင်တာက.."

"ဟာအိုဟျောင်း!"

ရစ်ခီနဲ့စကားပြောနေတုန်းဆောင်းဟန်ဘင်းရောက်လာပြီး ကျန်းဟောက်ဘေးတွင်ဝင်ထိုင်လာသည်။

"...."

"...."

"ကျွန်တော်ရောက်လာတာ အနှောင့်အယှက်ဖြစ်သွားတာလား ဟာအိုဟျောင်း"

ဟုတ်တယ်။ လုံးဝကိုအနှောင့်အယှက်ဖြစ်တယ်။ ခုံပေါ်လက်ထောက်ပြီးငါ့တစ်ယောက်တည်းကိုပြုံးကြည့်နေတဲ့ မင်းကတကယ်အနှောင့်အယှက်ပဲ ဆောင်းဟန်ဘင်း!

"မဖြစ်ပါဘူး ငါနဲ့ရစ်ခီကအခုပဲအတန်းသွားတက်တော့မလို့"

ရစ်ခီ့အကြောင်းထည့်ပြောမှ ရစ်ခီ့ကိုကြည့်လာပြီး: "ဪ ရစ်ခီလည်းရှိနေတာလား" တဲ့

လူတစ်ယောက်လုံးကိုမမြင်ရအောင် သူ့အမြင်အာရုံအဲ့လောက်မဆိုးသေးပါဘူး။ ရှန်ရစ်ခီမလို့ကိုရန်စနေတာပဲနေမှာ။

ရစ်ခီလည်းဆောင်းဟန်ဘင်းကိုမကျေမနပ်နဲ့ကြည့်နေတုန်း ကျန်းဟောက်က:

"ဟုတ်တယ် ရစ်ခီကအခုမှရှိတာမဟုတ်ဘူး အရင်တည်းကငါ့အနားမှာအမြဲရှိတယ်"

ဆောင်းဟန်ဘင်းကိုပြောပြီးတာနဲ့ ရစ်ခီ့လက်ကိုဆွဲကာကျန်းဟောက်အမြန်ထွက်လာလိုက်တယ်။ အကယ်၍သူတို့သာ ဆက်ထိုင်နေရင် ရစ်ခီနဲ့ဆောင်းဟန်ဘင်းကသေချာပေါက်စကားများကြတော့မှာ။

ရစ်ခီ့လက်ကိုဆွဲပြီးထွက်သွားတဲ့ဟာအိုဟျောင်းကြောင့် ဟန်ဘင်းမျက်မှောင်ကြုံမိသွားသည်။

"ဆိုးလိုက်တာ ကျွန်တော့်အရှေ့မှာတောင်တစ်ခြားတစ်ယောက်ရဲ့လက်ကိုဆွဲရဲနေပြီပေါ့ ဟာအိုဟျောင်း"

.........................................

"ဟန်ယူဂျင်း ယူဂျင်း အီမီသာ"

ကိုယ့်နာမည်ကိုသီချင်းလုပ်ဆိုနေတဲ့ယူဂျင်းနီး​​ကြောင့်ဂယူဗင်းလည်းရယ်မိသွားသည်။ ကလေးလိုဆက်ဆံရင်လည်းမကြိုက်။ လုပ်နေတဲ့ပုံကသုံးနှစ်သားလေးလို။

STAY WITH ME!जहाँ कहानियाँ रहती हैं। अभी खोजें