ပျောက်ဆုံးနိဗ္ဗာန်ဘုံ အပိုင်း(1.2)

Start from the beginning
                                    

ကျန်းရွှီက အရှေ့တံခါးဆီကို လျှောက်သွားလိုက်ပြီး
တံခါးရဲ့အပြင်ဘက်မှာ တိတ်ဆိတ်စွာရပ်နေတဲ့ အနက်ရောင်ပုံရိပ်တွေကို ကြည့်လိုက်ပြီး သူ့ကို မကောင်းဆိုးဝါးတွေ မိစ္ဆာတွေဝန်းရံနေတယ်လို့  ဝိုးတဝါးခံစားနေရတယ်။ ကျန်းရွှီကစစ်သားတွေကိုပြောလိုက်တယ်

' တံခါးတွေကို သေချာစောင့်ကြပ်ထား ငါထွက်မလာခင်အထိ ဘယ်သူမှ ဝင်ခွင့်မရှိဘူး'

သူတို့ထဲကအများစုက တိတ်ဆိတ်နေကြတယ် တစ်နေရာရာကထွက်လာတဲ့ မနှစ်မြို့စက်ဆုပ်ဖွယ် ဒေါသသံတစ်ခုငလွဲရင်ပေါ့။
'အဲ့တာကို သင်ခန်းစာပေးလိုက်!!! လူသားတွေက ဘယ်လောက်တောင်အင်အားကြီးတယ်ဆိုတာကို သိအောင်လုပ်ပေးလိုက်!!!'

ကျန်းရွှီက မျက်မှောင်အတည်းငယ်ကျုံ့လိုက်ပေမယ့် ဘာကိုမှမပြောခဲ့ဘူး။ သံတံခါးကြီးကိုဆွဲလိုက်ပြီးတာနဲ့ သုံးမြှောင့်ဂျက်ကို ထည့်သွင်းလိုက်တယ်။ ပိတ်သွားတဲ့ တံခါးကို မျက်နှာချင်းဆိုင်နေရင်း တစ်နည်းနည်းနဲ့ ကြီးမားလေးလံပြီး မမြင်နိုင်တဲ့အားတစ်ခုက သူ့ရဲ့ကျောဘက်မှာ လာပြီးဖိထားတယ်လို့ ခံစားနေရတယ်။ မရေမတွက်နိုင်တဲ့မျက်လုံးတွေက သူ့ကိုကြည့်နေသလိုမျိုးပဲ အဲ့တာက ကျန်းရွှီကို အသက်ရှုရခက်ခဲစေတယ်။ ဒါနဲ့ သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ဖို့ အရင်ဆုံး အသက်ကိုပြင်းပြင်းရှုလိုက်တယ်။

ပြီးတဲ့နောက် အနောက်ကိုလှည့်လိုက်ပြီး အလွတ်ကြီးဖြစ်နေတဲ့ သိုလှောင်ရုံအမှတ်(၈)နဲ့ ဆက်တိုက်ကို အရောင်အမျိုးမျိုးလက်နေတဲ့ အနက်ရောင်ဆာဗာတွေကို မျက်နှာချင်းဆိုင်လိုက်တယ်။

ဒီအရာက တစ်ဆင့်ချင်းတစ်ဆင့်ချင်း အစီအစဥ်ချပြီး ကမ္ဘာပေါ်က ယောက်ျားသားတိုင်းကို အမြစ်ပြတ်ချေမှုန်းဖို့လုပ်ခဲ့တဲ့ တရားခံ, "Eden"ရဲ့ မြောက်အမေရိကဆာဗာရဲ့အစိတ်အပိုင်းတစ်ခုပဲ။ အံ့သြစရာကောင်းစွာနဲ့ ဒီစက်အပိုင်းအစကြီးရဲ့ဒီဇိုင်းက ခေတ်နောက်ပြန်ဆွဲနေပြီး ကြီးမားလေးလံလှတယ်။ ဒါကြီးကိုခိုးယူဖို့ ကြံစည်အားထုတ်မှုမှန်သမျှကို အလွန်အမင်းခက်ခဲအောင်လုပ်ထားခဲ့တဲ့ ဒီစူပါလူလုပ်အသိဥာဏ်တုကို ဖွံ့ဖြိုးတိုးတက်စေခဲ့တဲ့ လွန်ခဲ့တဲ့နှစ်၂၀၀က လူတွေကို ကျေးဇူးတင်ရမယ်။ ပျောက်ဆုံးနိဗ္ဗာန်ဘုံက ဒါကိုကြားဖြတ်နှောက်ယှက်ဖို့ ဆယ်နှစ်ကြာစီစဥ်ခဲ့ရတယ်။ အခုတော့ သူ့အသက်၃၀ထဲမှာ ဒီစက်ကြီးရဲ့အသွင်အပြင်ကို နောက်ဆုံးတော့ မြင်ခွင့်ရခဲ့ပြီ။

ကျန်းရွှီက ဆာဗာတွေအများအပြားရဲ့အလည်မှာရှိတဲ့ စာရေးစားပွဲဆီကို လမ်းလျှောက်သွားလိုက်တယ်။ စားပွဲပေါ်မှာတော့ ကီးဘုတ်သပ်သပ်လိုအပ်နေသေးတဲ့ ရှေးရှေးတုန်းက ကွန်ပြူတာတစ်ခုရှိတယ်။ ဒါကသာ လွန်ခဲ့တဲ့နှစ်၂၀၀မှာတုန်းကဆို လုံးဝကို အဆင့်မြင့် ကွန်ပြူတာတစ်ခုဖြစ်နေလိမ့်မယ်။ ဒါပေမယ့် အခုချိန်မှာတော့ ရှေးဟောင်းပစ္စည်းဖြစ်သွားခဲ့ပြီ။ အခုခေတ်ပေါ်ကွန်ပြူတာတွေအကုန်လုံးက "Eden"က လွှမ်းမိုးထားပြီး သူတို့လုပ်နိုင်သမျှက လူတွေစွန့်ပစ်ထားတဲ့ လျှပ်စစ်ပစ္စည်းအမှိုက်သရိုက်တွေနဲ့ အစိတ်အပိုင်းတွေကို တစ်စစီဖြုတ်ပြီး ပြန်အသုံးပြုဖို့အတွက် နည်းတွေကိုပဲ ရှာလို့ရတော့တယ်။

Words-1053

《 机械师 》The Mechanic Drive Folder || ဘာသာပြန် ||Where stories live. Discover now