"သား...ရိပေါ်ဘာဖြစ်လို့လဲ...ဘယ်နားကနာနေလို့လဲ...အမေဆရာဝန်ခေါ်ပေးရမလား...ဒါမှမဟုတ်..ဆေးရုံသွားကြမလား"

ဝမ်ရိပေါ်ဟာ ငယ်ငယ်ကတည်းကကျန်းမာရေးချူချာသူမို့
ရှောင်ချူးလန်သည်စိတ်ပူ​နေရသည်
သူမသည်သူမသားငိုတာကိုဆေးရုံရောက်တဲ့အခါအချိန်(သို့မဟုတ်)အရမ်းနာကျင်တဲ့အချိန်မှသာမြင်ဖူးခဲ့သည်
ထို့ကြောင့်သူမသားအားဘယ်နားနာနေလို့လဲ​ဆေးရုံသွားမလားလို့​မေးခြင်းဖြစ်သည်

"သားမနာပါဘူးမားရယ်သားအိပ်မက်ဆိုးမက်လို့ပါ"

"ဘယ်လိုအိပ်မက်ဆိုးမို့လို့မားမားသား​လေးကအခုလိုငိုရတာလဲကွယ်​ပြောစမ်းပါဦး"

"အိပ်မက်ထဲမှာ..သားသေသွားတယ်.."

"ဘာတွေလျောက်တွေးနေတာလဲသားရယ် ဆောင်းတွင်းအိပ်မက်တွေကဒီလိုပါဘဲကယောက်ကယက်နဲ့ရယ်
သွားသွားရေသွားချိုးတော့...."

ဝမ်ရိပေါ်ဟာသူ့အမေစကားကြောင့် ရေချိုးခန်းထဲကိုဝင်သွားလိုက်တော့သည်
ရှောင်ချူးလန် လည်းသူ့သားရေချိုးခန်းထဲဝင်သွားမှာ
မွေ့ယာပေါ်မှာအရုပ်ကြိုးပျက်သလိုထိုင်ချလိုက်တော့သည်

သူမသားလေးစိတ်ခုမှာဆိုးလို့သားဆောင်းတွင်းအိပ်မက်လို့ပြောလိုက်တာတကယ်တော့အခုအချိန်ကဆောင်းဦးရာသီကိုမှဝင်စလေးပဲရှိသေးတာ
သားလေးမှာအန္တရာယ်ရှိနေတာကိုသူမကြိုသိသည်
သားလေးကကျန်းမာရေးသိပ်မကောင်းသူမို့လို့
ဆေးဝါးတွေတင်မကအခြားပညာရပ်တွေကိုလဲအားကိုးခဲ့တယ်
အထူးသဖြင့်ဗေဒင်ပညာရပ်ပေါ့

ဒီ၃လအတွင်းမှာသူ့သားလေးအသက်အန္တရာယ်ရှိနေတာကိုသူမသိနေသည် အဲ့တာကြောင့်လဲသူမသားလေးကိုဒီလအတွင်းမှာ
သူ့တူဖြစ်တဲ့ ဒုဗိုလ်ချုပ်ရှောင်းနဲ့ လက်ထပ်ပေးဖို့စီစဉ်နေကြသည်

တူလေးရှောင်းက....ကံကောင်းတဲ့နမိတ်တွေကြားမှာမွေးဖွားလာခဲ့တာမို့လို့....သူ့သားလေးကိုကယ်တင်နိုင်လိမ့်မယ်

သူမအကိုဖြစ်သူရှောင်ယန်ကလဲ သား​ရှောင်းကို သူ့တူ​လေး
ဝမ်ရိ​ပေါ်နဲ့အရမ်းသ​ဘောတူ​နေတာဆို​တော့အချိန်မဆွဲချင်တော့ပေ
ရှောင်ချူးလန်သည်သူမယောက်ျားကိုအလျင်အမြန်ဖုန်းဆက်လိုက်သည်ထို့နောက်တစ်ခွန်းပဲပြောလိုက်​တော့တယ်

General Xiao Is Ruining MeUnde poveștirile trăiesc. Descoperă acum