ခက်ဩဩအသံဖြစ်သူမနဲ့အမခယ်အေပါ်ရင်ဖွင့်ချက်တွေကိုသူဆက်မနားထောင်နိုင်တော့ဘဲ အမခယ်နဲ့လစ်စကားပြောနေစဉ်စကားဖြတ်ပြီးအော်လိုက်တော့သည်
"လစ်!!!"
"ဟင်"
လစ်ခင်ဗျာတော့ဒန်နီကိုဒေါသထွက်နေမလားလို့တွေးရင်းအရမ်းကြောက်နေမိသည်
"လစ် ကိုနဲ့စကားခဏပြောရအောင်ကို့နောက်လိုက်ခဲ့"
"နေအုံးဒန်နီလစ်အမကိုအကျီတွေကူသိမ်းပေးနေတာခဏဆိုရမလား"
ဒန်နီလစ်မျက်နှာကိုညိမ်သက်စွာစိုက်ကြည့် နေရင်း
"နောက်၃မိနစ်ဆိုကိုမင်းကိုဆင်းလာတာမြင်ချင်တယ်"
"ဒုံး!ဒုံး!!!"
ကျယ်လောင်သောခြေသံဖြင့်သူအခန်းအပြင်သို့ထွက်သွားေလသည်
"အမခယ် လစ်ဘယ်လိုလုပ်ရမလဲ လစ်ကိုသူဒေါသထွက်နေပြီအမခယ် လစ်ကြောက်တယ်ဘယ်လိုလုပ်ရမလဲအမရယ် အမတို့နောက်နေ့မှပြန်လို့မရဘူးလားဟင် ဟမ် အမခယ် လုပ်ပါနော်နောက်နေ့မှပြန်ပါလားအမ"
"လစ် ဟုတ်ပါပြီ ဟုတ်ပါပြီ မကြောက်ပါနဲ့ညီမလေးရယ်အမပြောတာယုံပါဒန်နီကအမူအရာကကြမ်းတမ်းဆိုေပမယ့် လစ်ကိုနာကျဉ်အောင်မလုပ်ပါဘူး"
"ဘာပဲဖြစ်ဖြစ် အမဒီနေ့မပြန်ပါနဲ့ နော်အမနော် အမရယ် မပြန်ပါနဲ့နော်😭"
"အေးပါမပြန်ပါဘူးမပြန်ဘူးနော် လစ်စိတ်ချပါ"
"အမပစ္စည်းသိမ်းတာရပ်လိုက်လေ အမ လစ်မသိတဲ့အချိန်ပြန်မှာမလား"
ငိုကြီးချက်မနဲ့အမခယ်ကိုမပြန်ရန်တားေနေသာသူမသည်အမခယ်ကိုသူမကလေးတောင်မေ့သွားလောက်အောင်စိတ်ထဲမှာချစ်ဖို့ကောင်းနေလှသည်။သူမ၏ပုံစံသည်အရမ်းကိုအပြစ်ကင်းစင်လှသည်။ငယ်ရွယ်လှသောသူမဘဝကိုအပိုင်ယူထားသော ဒန်နီကိုလည်းသူမစိတ်ညစ်မိသည်.................
ငိုပြီးသောအရှိန်ကြောင့်ရှိုက်သံလေး
တဆက်ဆက်နှင့်ဒန်နီအခန်းထဲကိုဝင်လာလေသည်
ဒန်နီသည်ခုတင်ပေါ်တွင်ခြေထောက်ချိတ်ထားကာသူ့အရှေ့တွင်ငိုထားသောကြောင့်မျက်လုံးများအစ်ဖောင်းနေတဲ့ကောင်မလေးလစ်ရပ်နေသည်ကိုမျက်လံုးနက်နက်ကြီးဖြင့်စိုက်ကြည့်နေေလသည်
လစ်လည်းဒန်နီရှေ့တွင်တောင့်တောင့်ကြီးရပ်နေကာခေါင်းငုတ်၍ အပြစ်ကင်းစင်နေသလိုကြောင်တောင်တောင်လေးရပ်နေမိသည်
"လစ်"
သူမနာမည်ကိုနူးညံ့စွာခေါ်လိုက်သောသူကြီးကြောင့်စိတ်ထဲတွင်ဘယ်လောက်တောင်အံဩလိုက်ရလဲ
"ဟင်"
"ဒီရှေ့မှာခုံယူပြီးလာထိုင်"
သူမ အရမ်းကြိုက်တဲ့ခုံအဖြူရောင်လေးကိုဆွဲပြီးသူေပြာတဲ့အတိုင်းထိုင်လိုက်သည်
သို့သော်ဒန်နီသည်သူနှင့်ဝေးနေသည်ဟုခံစားရ၍သူမခုံရဲ့လက်တင်တဲ့နေရာကိုကိုင်ကာသူမပါအပါသူ့အနားကိုဆွဲရွေ့လိုက်သည်
"အမယ်လေး!"
"အရမ်းဝေးနေတယ်လေဘာလို့အဲ့လောက်အဝေးကြီးထိုက်ရတာလဲ"
"ဟုတ်ကဲ့"
သူစိတ်ဆိုးမှာေကြာက်၍ပြောသမျှစကားတိုင်းကိုသူမနားထောင်နေမိသည်
"ကိုယ့်မျက်နှာကိုကြည့်ပြီးပြောပါအုံး လစ်ကကိုယ့်အပေါ်ဘယ်တံုးကမှခံစားချက်မရှိခဲ့ဘူးဘူးလား"
"ဟမ် အင်း"
သူမခေါင်းကိုညိမ့်ပြလိုက်သည်
" ချက်ချင်းဖြေနိုင်တာပဲ ဘာလို့မရှိတာလဲ ကိုယ်တို့ကလင်မယားတွေလေ ပြီးတော့အတူတူနေကြတာဘယ်လောက်တောင်ကြာပြီလဲ"
"တော်ပါတော့ဘာေတွေပြာေနတာလည်းရှင်မရှက်ဘူးလားဘာလို့အဲ့လိုပြောရတာလဲ"
"ရှက်စရာလားကိုယ်တို့ကလင်မယားတွေလေ"
"ရှင် လစ်ကိုမဆူဘူးလား"
"ဘာလို့လဲ"
"ရှင်ကလစ်အမခယ်ကိုပြောခဲ့တာတွေအကုန်ကြားတယ်မလား"
"အင်းကြားသားပဲ"
"ကြားရဲ့သားနဲ့ဘာလို့မဆူတာလဲအရင်ဆိုရှင်မကြိုက်တာလုပ်မိရင်အပြစ်ပေးနေကြမလား"
"လစ်ကအပြစ်ပေးခံချင်လို့လားကိုအခုစိတ်ခံစားချက်ေကာင်းေနလို့လျော့ပေးတာကို စိတ်ထဲမှာတော်တော်အပြစ်ပေးခံချင်နေလို့လား"
"ဟစ်အင်းအဲ့လိုမဟုတ်ဘူးရှင်ပြောင်းလဲသွားတယ်အမခယ်တို့မလာခင်ကအဲ့လိုမဟုတ်ပါဘူး ရှင့်အမျိုးတွေရှိလို့လစ်ကိုအနိုင်မကျင့်တာမလား"
"လစ်ကိုယ်မင်းကိုအပြစ်ပေးချင်ရင်အချိန်မရွေးပေးလို့ရတယ်ကိုယ်ဘယ်သူ့ကိုမှဂရုမစိုက်ဘူး မင်းသိလားအခုလျော့ပေါ့ပေးတယ်ဆိုတာကမင်းစိတ်ထဲကိုယ့်ကိုမချစ်လာမှာဆိုးလို့"
"လစ်ရှင့်ဘာေလာက်ပဲေကာင်းေပး
ေကာင်းေပးလစ်ဘယ်တော့မှရှင့်ကိုချစ်လာမှာမဟုတ်ဘူး ကိုဒန်နီ"
"အဲ့ဒါဆိုလည်းရပါတယ် လစ်ကချစ်ရင်ချစ်လို့မရအောင်ဆိုးတတ်တာပဲ နုလို့မရပဲခပ်ကြမ်းကြမ်းတွေပဲပိုကြိုက်တာမလား"
"လစ် ဘာမှဆက်မပြောချင်တော့ဘူး လစ်ကွာရှင်းချင်တယ်"
"ဘာ!!!!"
သူမသိပါတယ်သူမအဲ့လိုပြောလိုက်ရင်ဒန်နီအရမ်းဒေါသထွက်မယ်ဆိုတာကိုဒါပေမယ့်သူမသူ့ဆီကအရမ်းလွတ်မြောက်ချင်သည် သူကြောင့်သူမဘဝအရာအားလုံးကိုစွန့်လွတ်ပြီးပါပြီ သူမမှာဘာမှမကျန်တော့ဘဲကျန်ရှိနေတဲ့အချိန်တွေမှာလွတ်လပ်မှုနဲ့သာကုန်ဆုံးချင်မိသည် သူ့နားမှာနေပြီးသူ့ရမ္မက်တွေကိုဖြည့်ဆည်းပေးရမယ့်ပြည့်တန်ဆာသာသာမိန်းမဘဝကိုသူမရွံသည် သူမသူ့ဆီကအရမ်းလွတ်မြောက်ချင်သည် သူမဖေဖေရဲ့အေကြွးတွေကိုဆပ်ရတာဒီလောက်နှစ်တွေထဲမှာသူမခံစားခဲ့ရတဲ့ဟာတွေနဲ့စာရင် ကျေလောက်ပြီဆိုပေးမယ့် သူ့ဘက်ကမေကျချင်သေးရင်သူမအခြားနည်းနဲ့သာဆပ်ချင်မိသည်သူမခန္ဓာကိုယ်ကိုသူ့ဆီပေးအပ်ထားေသာအဖြစ်ကိုသူမသေလောက်အောင်မုန်းမိသည်
ČTEŠ
မင်းမလုပ်ရင်ငါလုပ်မယ်
Fantasyကျွန်မရဲ့ဘဝကတော့ သူစေလိုရာစေသူလုပ်ချင်တာလုပ် သူပြောတာလုပ်သူခိုင်းတာသာလုပ်ရတဲ့သူ့ကျွန်သာသာပါပဲအမြဲတမ်းသူရဲ့စိတ်ကိုဖြည့်ဆည်းပေးရတတ်တယ်ကျွန်မ်သာတစ်ချိန်ကသူနဲ့အတူရှိမနေခဲ့ရင်ဒီကိစ္စတွေကဖြစ်လာခဲ့မှာမဟုတ်လောက်ဘူးကျွန်မအပျိုစင်ဘဝကဒီလူဆီကိုသာမရောက်ခဲ့ဘယ်လော...