"သည်းငယ်ရယ် မောင်လွမ်းနေတာကွာ"

"မောင်မင်းကိုမျှော်နေခဲ့တာကျောင်းလဲမလာဘူး
ဖုန်းဆက်တော့လဲမရဘူးကွာ မောင်အရမ်းခံစားနေရတာ"

ရိပေါ်ရဲ့စကားကြားတော့ရှောင်ကျန့်က ဟန်မဆောင်နိုင် တမ်းတနေရသူရဲ့ ရင်ခွင်ကျယ်ထဲ
ပစ်ဝင်ကာငိုချလိုက်တော့တာပါပဲ

"မောင်ရယ်~~အဟင့်..."

"သည်းငယ်လေး ဘာဖြစ်လို့လဲ မောင့်ကိုပြော"

"မောင့်ရဲ့ ဟင့်   သည်းငယ်တို့ကို အိမ်ကသိသွားပီ"

"ဟင့်  "

ရိပေါ်ဒီလောက်ဆိုသဘောပေါက်ပါပီ
ရှောင်ကျန့်အိမ်က သဘောမတူဘူးဆိုတာ
သူလက်တွေ့အကောင်အထည်ဖော်ရတော့မှာပဲ
သူ့အကြံကိုသည်းငယ်လက်ခံရင်ပေါ့

တကယ်တော့ ရိပေါ်အိမ်ကလဲ ရှောင်ကျန့်နဲ့အကြောင်းကိုသိသွားတာပါပဲ
ရိပေါ်မှာမားမားမရှိ ငယ်ငယ်ထဲကပါးပါးနဲ့နေလာတာမလို့ ပါးပါးကလဲ သူ့အလုပ်နဲ့သူမို့ ရိပေါ်ကို
သိပ်ဂရုမစိုက် သားအဖနှစ်ယောက်ကြား
အေးစက်စက်နိုင်တယ်ဆိုရမယ်

ရိပေါ်ပါးရှောင်ကျန့်နဲ့အကြောင်းသိသွားတော့
သိပ်ပီးတော့အများကြီးမပြော စကားတွေအများကြီးပြောပီး လေကုန်ခံနေမယ့်အစား တစ်ချက်ထဲနဲ့ထိအောင်ပြောသွားတာမျိုး
ကိုယ်ကြိုက်တာကိုယ်လုပ် ပီးရင်တော့အိမ်ပေါ်ခေါ်တင်မလာနဲ့ ကိုယ်ကိုယ်တိုင်ရွေးချယ်ထားတဲ့ကိစ္စမို့ အဆုံးထိတာဝန်ယူ သူ့ဆီကဘာမှမမျှော်လင့်ပါနဲ့တဲ့ မျိုးရိုးမြင့်ပီး သဘောကျချင်စရာဆိုပေမယ့် နောက်ဆုံးမှာတော့ယောကျာ်းလေး
တစ်ယောက်ဖြစ်ထဲ ဆိုတဲ့အကြောင်းပြချက်နဲ့
ဖြတ်ချသွားတာမျိုး

"သည်းငယ် မောင့်နောက်လိုက်နိုင်မလား"

"ဟင် ဘယ်လိုမောင်"

ရိပေါ်သူ့အိမ်ကအကြောင်းပါရှောင်ကျန့်ကိုပြောပြလိုက်တယ်
နားထောင်နေတဲ့ရှောင်ကျန့်မှာတော့ မျက်ရည်တသွင်သွင်ပေါ့

"သည်းငယ် ဒါငိုစရာမဟုတ်ဘူးကွာ မောင်တို့အတူရင်ဆိုင်ရမယ်"

"သည်းငယ် မောင်နဲ့လိုက်ရဲသလား ဟမ်"

"သည်းငယ် မောင်နဲ့လိုက်ရင် မောင်ကအရင်သည်းငယ် သိတဲ့top1ရဲ့ဆက်ခံသူမဟုတ်တော့ဘူး မောင့်မှာဘာပိုင်ဆိုင်မှုမှ ရှိမှာလဲမဟုတ်ဘူး"

𝙈𝙞𝙨𝙜𝙪𝙞𝙙𝙚𝙙 𝙡𝙤𝙫𝙚( မောင့်ဆိုင်သူ )Where stories live. Discover now