" ငါတို့ wardကကော ဘာထူးလို့လဲ တစ်နေ့တစ်နေ့ accident တွေ ဖြစ်နေပြီး လက်ကျိုး ခြေကျိုးတဲ့ လူနာတွေ များနေတာ''( ရိချန်)

" ကုဝေတို့ wardလဲ အလုပ်များနေမှာပဲ မီရာတို့ပဲ နားအေးတယ် ကလေးတွေဆိုတော့'' (ဖေးဖေး)

" နင်ထင်လို့ပါဟာ တနေ့တနေ့ အ့ကလေးတွေက ဘယ်လောက်ငိုပြီး သောင်းကျန်းလိုက်သလဲဆိုတာ ကလေးငယ်ငယ်လေးတွေက ပိုဆိုး ကြီးတဲ့ကလေးတွေက မုန့်ပြ အရုပ်ပြရင် ငြိမ်သေးတယ် သူတို့က အသေအော်တာ ဘယ်လိုမှလည်း လုပ်မရပါဘူးဟယ်''(မီရာ )

" နင်တို့ကလည်း နင်တို့ ဝါသနာပါရာ လုပ်ကြတာပဲဟာကို ပင်ပန်းမနေကြပါနဲ့ ''( ကုဝေ)

" ဟုတ်သားပဲ မင်းတို့ကလည်း ကုဝေတောင် ဘာမှ မပြောတာကို မင်းတို့က ဆရာဝန်တွေပဲမလား လူနာတွေကို အကောင်းဆုံး ကုရမှာလေ ညည်းညူနေလို့ ဘယ်ဖြစ်ပါ့မလဲ''

"😁 ကောကလည်း မီရာတို့က ဒီလိုပဲ ပြောလိုက်တာပါ ဒါနဲ့လေ မီရာတို့ကို အားဆေးလေး မတိုက်ချင်ဘူးလား''

" ဟုတ်တယ် ဖေးဖေးလည်း ထောက်ခံတယ် ကော ဟိုနေ့က အကြောင်းလေး ဆက်ပြောပြပါလား''

" နင်တို့ကလည်း သူများအကြောင်းကို သိပ်စပ်စုတာပဲ'' ( ရိချန်)

" နင်တော်တော် ပွစိပွစိနိုင်တာပဲ အ့ကြောင့်မလို့ ခုထိ အပျိုကြီး ဖြစ်နေတာ 😝''( မီရာ)

" နင် နော်''( ရိချန်)

" ကဲပါ တော်ကြတော့ ကော ဆက်ပြောပြမယ် သူတို့၂ယောက် ပြန်တွေ့ဖြစ်ပုံကတော့ ဒီလို....''

Flashback starts<<<<
ကျွန်တော့်ကို ဘုရားသခင်က သနားသွားခဲ့တယ်ထင်ပါရဲ့
"ချစ်သော'' နဲ့တစ်ဖန်တွေ့ဆုံခွင့်ပေးခဲ့တယ်
အ့နေ့က ကျွန်တော်နဲ့ အကူရဲ၂ယောက်က ဓားစာခံကို သွားပြီးကယ်ဖို့ တိုက်ပျက်ကြီးတစ်ခုအနားကို သွားခဲ့ရတယ်
ဓားစာခံ မိန်းကလေးကို ကယ်လိုက်နိုင်ပေမယ့် တရားခံက ကျွန်တော်နဲ့ပါလာတဲ့ရဲတစ်ယောက်ရဲ့ ဝမ်းဗိုက်ကို သေနတ်နဲ့ပစ်ခဲ့တယ်
ကျွန်တော်နဲ့တရားခံနဲ့ လုံးထွေးသတ်ပုတ်နေရာက တရားခံက စားအတိုတစ်ချောင်းနဲ့ ကျွန်တော့်လက်မောင်းကို ဒဏ်ရာရအောင်လုပ်တယ်
ဒါတင် အားမရဘဲ ဝှက်ထားတဲ့ သေနတ်နဲ့ပါ ပစ်ဖို့ လုပ်တယ်
တကယ်တမ်း သူပစ်လိုက်တဲ့ ကျည်ဆန်က ကျွန်တော့်ဆီ ဆိုပေမယ့် အကိုရွှမ်ပင်းက ဝင်ခံလိုက်တာ
ကံကောင်းချင်တော့ နောက်ထပ်အကူ ရဲကား သုံးစီးနဲ့ ambulanceက သိပ်မကြာခင်မှာပဲ ရောက်လာတယ်
ကျွန်တော်လည်း အကိုရွှမ်ပင်းကို တစ်ခြားတစ်ယောက်နဲ့ အတူတွဲရင်း ambulance ဆီကို လျှောက်လာလိုက်တယ်
Ambulance ဆီရောက်တော့ ကျွန်တော် မထင်ထားခဲ့ဘူး ပါလာတဲ့ ဆရာဝန်က ''ချစ်သော'' တဲ့
ကျွန်တော်လည်း '' ချစ်သော'' ကို ကြောင်ပြီး ကြည့်နေမိတုန်း
" ဒီမှာ ဒီမှာ လူနာက ဝမ်းဗိုက်ကို ထိထားတော့ သွေးတွေ အများကြီး ထွက်နေတယ် သွေးထွက်မလွန်ခင် ဆေးရုံကို မြန်မြန် သွားရမယ် အမှုကို ဆက်စုံစမ်းချင်ရင် ပြီးမှ စုံစမ်းပါ လူနာက ပို အရေးကြီးတယ် ဒါနဲ့ လူနာနဲ့ တစ်ယောက်တော့ လိုက်ခဲ့ရမယ် ခင်ဗျားတို့၂ယောက်ထဲက ဘယ်သူလိုက်မှာလဲ ''

You💞💞💞(unicode + zawgyi)Where stories live. Discover now