အပိုင်း(၃၀)

Začít od začátku
                                    

"မုန့်မုန့်ရေ နေ့လည်စာအရင်သွားစားကြမယ်။ စားပြီးမှ ဖေဖေတို့ ဒီကိုပြန်လာကြမယ်"

ကျန်းဟန်သည် စပါးခင်းမှ ရေကို အသုံးပြုကာ ခြေဆေးလိုက်သည်။ သူ၏ခန္ဓာကိုယ်ကို ပြန်ကြည့်မိတော့ ရယ်ရမလား ငိုရမလား မသိတော့ပေ။

လယ်ယာလုပ်ငန်းအတွက် အခြားသင့်တော်သည့် အဝတ်အစားကို ပြောင်းလဲသင့်သည့် ကိစ္စတစ်ခုကို သူမေ့သွားခဲ့သည်။ သို့သော် ထိုအကြောင်းတွေးမိပြီးနောက် ကျန်းဟန်ခေါင်းခါလိုက်ပြီး လယ်ယာလုပ်ငန်းအတွက် အထူးဝတ်စုံမရှိခဲ့သည့် ပုံရသည်။

"ဖေဖေ ဘာသွားစားကြမှာလဲ။ မုန့်မုန့်က အခုထိ ဗိုက်မဆာသေးဘူး"

မုန့်မုန့်သည် ချွေးများဖြင့် ရွှဲနေသော်လည်း သူမလေးသည် ရှောင်ဟေးနှင့် ဆော့၍ မဝသေးချေ။

ရှောင်ဟေးသည် မုန့်မုန့်နှင့် အရူးအမူး ကစားပေးနိုင်သည့် အမှန်တကယ် အဆင့်မြင့်ကစားဖော် ဖြစ်ပေသည်။ မုန့်မုန့်သည် သူ၏ကိုယ်ပေါ်မှ လျှောကျသွားသည်နှင့် မုန့်မုန့်အတွက် အောက်ခံတစ်ခုဖြစ်ပေးရန် မျက်စိတစ်မှိတ်အတွင်း ရှေ့သို့ပြေးသွားသည်။ ထို့နောက်တွင် မုန့်မုန့်သည် သူ၏ခန္ဓာကိုယ်မှ ရည်ရွယ်ချက်ရှိရှိ လျှောချလိုက်ရာ ရှောင်ဟေးသည် ဖမ်းမမိတော့ဘဲ မြေပေါ်သို့ ကျသွားခဲ့သည်။

ဤအရာက ရှောင်ဟေးကို အလွန်မှင်တက်သွားစေသည်။ ယခုတော့ သူသည်လည်း သူ၏သခင်ငယ်လေးနှင့် ကစားရသည်ကို အလွန်နှစ်သက်နေပြီဖြစ်သည်။

"သွားရအောင်။ ဖေဖေ သမီးကို အနောက်တိုင်းအစားအစာ စားဖို့ ခေါ်သွားမယ်"

ကျန်းဟန်သည် ရိုးရှင်းသပ်ရပ်အောင်ပြင်လိုက်ပြီး မုန့်မုန့်ဆီသို့ လျှောက်သွားကာ သူမလေးအား ပွေ့ချီရင်း ပြုံးလိုက်သည်။

"အနောက်တိုင်းအစားအစာလား။ အိုး...ဒါဆို ကောင်းပြီ။ သမီးတို့ စားပြီးရင် ဒီကိုပြန်လာကြမှာလား"

မုန့်မုန့်က ခေါင်းညိတ်ပြပြီးမေးလိုက်သည်။

"အင်း ဖေဖေတို့ စားပြီးသွားရင် ပြန်လာပြီး ကစားကြမယ်"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Kde žijí příběhy. Začni objevovat