"ဒီနေ့မနက်ကတည်းကထယ်ယောင်းအပြင်သွားပြီး
လူမူ့လူပ်ရှားရေးလုပ်နေတယ်လို့...ကိုယ့်ကိုသတင်းပို့
ထားလို့လေ...."

သတင်းပို့တယ်၊ဘယ်သူကထယ်ယောင်းအကြောင်း
ဂဎဏနလိုက်စုံစမ်းပြီးဗိုလ်ချုပ်ကြီးကိုသတင်းပို့ပါ
လိမ့်၊အားအားယားယား။ဂါး...မဟုတ်မှလွဲရော ဗိုလ်ချုပ်ကြီးကသူ့ကိုစောင့်ကြည်ဖို့လူတွေလွှတ်ထားတာလား။

"ကိုကို...ခင်ဗျား ကျွန်တော်မသိအောင်လူတွေလွှတ်ပြီး
စုံစမ်းခိုင်းထားတာလား..."

ဂျောင်ကုပြုံးကာပင်ထယ်ယောင်လက်ထဲကအမိူက်အိတ်
ကိုကောက်ယူလိုက်သည်။

"မင်းက ကိုယ့်ခင်ပွန်းလောင်းလေ၊မင်းလုံခြုံရေးက
အဓိကပဲ..."

"ဘယ်သူကခင်ဗျားခင်ပွန်းလောင်းလဲ...ခင်ဗျားကို
ယူမယ်လို့လည်းကတိကဝတ်တွေမပေးရသေးပါဘူး
နော်..."

ထယ်ယောင်းရွှတ်တီးရွှတ်နောက်ဖြင့်စလိုက်မိသည်။
ဒါကိုထိုလူကအတည်ကြီးမှတ်ကာမျက်နှာကြီးချက်
ချင်းပင်စူပုပ်သွားရသည်။

"ကောင်းကောင်းပြောလို့မရရင်၊အခုချက်ချင်းကား
တင်ပြေးမှာနော်..."

ဂျောင်ကု၏မကျေမနပ်အသံကြီးကြောင်ထယ်ယောင်
မှာသဘောတကျရီမိတော့သည်။နောက်ပြီးထယ်ယောင်း
သတိထားမိသည်ကပန်းခြံထဲလူအများစုရဲ့မျက်လုံးများ
ပင်။လူမူ့လူပ်ရှားမူ့မှာပါဝင်ကြတဲ့သူတွေရောပန်းခြံထဲက
လူအများစုကပါ ဗိုလ်ချုပ်ဂျွန်ဂျောင်ကုအားမသိတဲ့​လူ
သိပ်မရှိ။ကြည်းတပ်က ဗိုလ်ချုပ် ဂျွန်ဂျောင်ကုမှာငယ်
ရွယ်တဲ့အပြင်ထက်မြတ်သည်၊သစ္စာရှိဖြောင့်မတ်သူဟု
ထင်ရှားကျော်ဇောလွန်းလှသည်။ဒါကြောင့်ထယ်ယောင်း
ဂျောင်ကုနဲ့အတူတူရီရီမောမောစကားပြောနေသောအခါ
လူအများအတွက်အထူးအဆန်းလိုဖြစ်ကာအာရုံစူးစိုက်
ခြင်းကိုခံနေရတော့သည်။ဗိုလ်ချုပ်ကြီးကတော့အမြဲတမ်းထင်ပေါ်နေသူမို့ထိုအခြေအနေအားနေသားကျနေပြီးလူအများရှေ့တွင်တောင်ထယ်ယောင်းလက်ကိုခပ်ဖွဖွလေးဆုပ်ကိုင်လာသေးသည်။

"ပြီးပြီလား...ပြီးရင်ကိုယ်မင်းကိုအိမ်ပြန်လိုက်ပို့ပေးမယ်"

The General (Completed)حيث تعيش القصص. اكتشف الآن