"နေဝန်းရဲ့မောင်ဆိုလား သူ့ကိုလဲအိမ်အလည်ခေါ်ချင်ချင်လို့ရတယ်နော် ဒီရက်ပိုင်း ပန်းသွေးအနားမှာပဲနေနေရတာ အိမ်လဲမပြန်ဖြစ်ဘူးမဟုတ်လား ထမင်းလေးဘာလေးဖိတ်ကြွေးချင်လို့"
"သူ့သင်တန်းအားတဲ့ရက်ကျရင်လာခဲ့ဖို့နေဝန်းပြောလိုက်ပါ့မယ်"
ဒီရက်ပိုင်း ပန်းသွေးကြောင့် အပြင်လဲမသွားဖြစ်၍ တစ်ချို့ကိစ္စရပ်များကအခုမှခေါင်းထဲအစီအရီရောက်ချလာသည်၊ ထိုထဲ၌ ဦးကျော်ဇေတို့သားအဖကိစ္စလဲပါသည်။
ထို့ပြင် ပန်းသွေးကို ချန်လှပ်ထားသောကိစ္စများကိုလဲပြောပြချင်သည်၊ သို့သော် ပန်းသွေးသိသွားသည့်အခါ သူနှင့်ပန်းသွေးအနေဝေးကာ ပန်းသွေးဘက်ကသူ့ကိုခါးသီးသွားမှာကိုလဲကြောက်မိသည်၊ ထိုအချိန်ကိုစဉ်းစားမိလျှင် ရင်ထဲပြည့်ကျပ်လာသည့်ခံစားချက်ကသူ့အတွက် မအီမသာ။
မပြောပဲနေလိုက်ပါက တခြားပယောဂများကြောင့်ပန်းသွေးသိသွားလျှင်သူ့ကိုပိုများမုန်းသွားနိုင်လေမလားဆိုသည့်စိတ်နှင့် သူကိုယ်တိုင်ပြောဖို့ကြိုးစားပေမဲ့အချဉ်းအနှီးသာ၊ အခုလိုအနေနီးနေကာမှ သူပြောလိုက်မှ ပန်းသွေးနှင့်ဝေးရမည့်အဖြစ်မျိုးကိုသူမလိုလား။
"နေဝန်း...နေဝန်း...ခေါ်နေတာကြာလှပြီ ဘာတွေတွေးနေတာလဲ"
သူ့အတွေးထဲမြောနေမိတာ ပန်းသွေးခေါ်သံကိုမကြားမိ သူ့လက်ကိုလာထိသောလက်မောင်းမှတစ်ဆင့်အထိအတွေ့ကိုခံစားမိမှ လက်တွေ့ဘဝထဲကိုပြန်ရောက်သည့်နှယ်။
"ဘာရယ်မဟုတ်ပါဘူး ပန်းသွေးကပျင်းနေတာဆိုလို့ ကိုယ်တို့ဆိုင်ကယ်မောင်းထွက်ရင်ကောင်းမလားတွေးမိသွားလို့ပါ"
"ဟာဟုတ်သားပဲ နေဝန်းက ဆိုင်ကယ်စီးတက်တာကိုပန်းသွေးမေ့နေတာ ဆိုင်ကယ်စီးမယ်ဆိုသွားမယ်လေနော် အပြင်မှာနေလဲရိပ်နေပြီ"
ပန်းသွေးတို့အိမ်ကို့ တစ်ခါတစ်ရံဆိုင်ကယ်နှင့်လာတက်သည့်အတွက် ယခုလိုအခြေအနေအားဖြင့် ပန်းသွေးအတွက်အတွေ့အကြုံကောင်းသဖွယ်၊ လှုပ်လှုပ်ရှားရှားသိပ်မလုပ်သေးပေမဲ့ ပန်းသွေးကို ဆိုင်ကယ်ပေါ်တက်ရတာလဲအဆင်ပြေအောင် နေဝန်းက သေချာစီစဉ်ပေးသည်၊ ခါးနား၌လဲ ထောက်မနေအောင် သူ့အားဖတ်ထားစေသည့်အပြင်၊ ဖြေးဖြေးလေးသာမောင်းသည့်အတွက် လမ်းကြမ်းခဲ့သည့်ရှိသော်အဆင်ပြေစေသည်။