Notice
______• စိတ်ကူးယဉ်ဖန်တီးထားသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည့်အတွက် Idol sensitive ဖြစ်သူများ လက်မခံနိုင်လျှင် မဖတ်ကြဖို့ တောင်းဆိုပါရစေ ။
အရည်အချင်းမပြည့်ဝသေးတဲ့သူတစ်ယောက်မို့ လိုအပ်ချက်များအတွက် အနူးအညွတ်တောင်းပန်ပါတယ်ရှင် ။
Zawgyi //
" ဂျွန် "
" ဂျွန်ရေ.. "
ခြံဝရောက်တာနဲ့ တကျော်ကျော်အော်ခေါ်ရင်း ထယ်ယောင်းက အိမ်ထဲဝင်လာတယ် ။ လက်ထဲမှာလည်း ပါဆယ်အိတ်တွေနဲ့ ...
" မရှိဘူးပဲ "
ဂျွန်ရပ်စောင့်နေကျ ပြတင်းပေါက်နားကို အပြေးအလွှားသွားကာ ကြည့်ပေမယ့် ဂျွန်မရှိသောကြောင့် ထယ်ယောင်းတစ်ယောက်တည်း ညည်းတွားလိုက်မိသည် ။
" ဂျွန် ဘယ်ကိုသွားနေတာပါလိမ့် "
လက်ထဲကပါဆယ်ထုပ်တွေကို ခုံပေါ်တင်လိုက်ပြီး ဂျွန်များ စနောက်ပြီး သူ့ကိုပုန်းနေမလားဟုတွေးထင်ကာ ကန့်လန့်ကာနောက်တွေထဲထပ်ရှာကြည့်မိသည် ။
" ဒီမှာလည်း မရှိဘူးပဲ "
" ဘယ်နေရာမှာပါလိမ့် "
ဟိုဟိုဒီဒီဝေ့ဝဲရှာကြည့်ရင်း ခြံဝန်းထဲက ရေကူးကန်ဆီမှာများ ရှိနေမလားဟုတွေးမိကာ သွားကြည့်မိသည် ။
" ဂျွန်က ဒီမှာရောက်နေတာပဲ ။ ထယ်က ဂျွန့်ကိုလိုက်ရှာနေတာကို "
ရေကန်ထဲခြေနှစ်ချောင်းချကာ ငိုင်ငိုင်လေးထိုင်နေတဲ့ဂျွန့်အနားမှာ သူဝင်ထိုင်လိုက်သည် ။
" ဘာဖြစ်လို့ ဒီမှာလာထိုင်နေတာလဲ ။ မအေးဘူးလား "
" အထီးကျန်လို့ "
ထိုတစ်ခွန်းသာပြောပြီး ဂျွန်ကရေကန်နားကနေထသွားပြန်သည် ။
" ငါ့ကို စိတ်ဆိုးနေသေးတာလား ဂျွန် "
သွားနေတဲ့ဂျွန့်ခြေလှမ်းတွေက ရပ်တန့်သွားသည် ။
" ဘာလို့ ငါ့အပေါ်မှာ အခုလိုမျိုး အေးစက်သွားရတာလဲ ဂျွန် ။ ဘာကြောင့်လဲ "
" မင်း ငါ့ကိုစွန့်လွှတ်သင့်ပြီ ထယ် "
ဂျွန်က အေးစက်သွားလိုက်တာ ။ ဂျွန့်အပြုအမူတွေအေးစက်လာသလိုမျိုး ဂျွန့်နှလုံးသားလေးလည်း အေးစက်သွားခဲ့ပြီထင်ပါရဲ့ ။
ВЫ ЧИТАЕТЕ
STAY { COMPLETED }
УжасыDon't leave me alone . I can't live without you . Come back to me , caz of you are my breathe . Don't go away . Stay here !