*ဟိုကောင်နဲ့ ရယ်မောပြီး တွဲမြင်ရရင် ငါ မင်းကို ဘာလုပ်မိမယ် မသိဘူးနော် ဝမ်ရိပေါ်*

ရိပေါ် မျက်ဝန်းတွေက စူးရဲသွားသည်။ ရှောင်းကျန့်သည် သူ့အား အထင်သေးလွန်းသည်။ ရှောင်းကျန့်အား ရွဲ့ချင်သည့် စိတ်က ရိပေါ်ထံ တိုးဝင်လာလေသည်။

*မင်းနဲ့ငါက ဘာမှမဆိုင်တော့ဘူး ရှောင်းကျန့်*

စကားပြောလိုက်တိုင်း ထိစပ်သွားသည့် နှုတ်ခမ်းတွေ။ ရိပေါ် ခပ်စစအပြုံးဖြင့် ကြည့်လိုက်သည်နှင့် ရှောင်းကျန့် မျက်ဝန်းတွေက သားရဲတစ်ကောင်အလား။

*ဟင့်..*

မထင်မှတ်ထားတာ လုပ်လိုက်၍ ရိပေါ်တစ်ကိုယ်လုံး ပျော့ခွေသွားမတတ်ပင်။ ရှောင်းကျန့်သည် ရိပေါ်၏ နှုတ်ခမ်းလေးအား လျှာဖြင့် သိမ်းလျက်လိုက်ခြင်းဖြစ်သည်။ တဖြတ်ဖြတ် ခတ်နေသည့် ရိပေါ်၏ မျက်ဝန်းတွေကို ရှောင်းကျန့်သေချာစိုက်ကြည့်ကာ

*ငါက မင်းနဲ့အတူအိပ်ထားတဲ့ကောင်နော်။ အဲ့တာမှမဆိုင်သေးဘူးဆိုရင်လဲ ငါ အခု ဆိုင်အောင် လုပ်လိုက်လို့ရသေးတယ်*

ရိပေါ်၏ ရင်ဘတ်က ကြယ်သီးတွေကို အသာဖြုတ်နေ၍ရိပေါ်ကြက်သီးထလာ၏။ အတွေးတွေကလဲ မနေ့တနေ့က အတိတ်ထဲ ပြန်ရောက်သွားသည်။ ဒီအခန်းထဲမှာပဲ ရှောင်းကျန့် သူ့ကို ရယူခဲ့တာ။

ရိပေါ် ရင်ဘတ်တွေနှင့် လည်တိုင်ကို တဖွဖွနမ်းနေသည့် ရှောင်းကျန့်ကြောင့် ရိပေါ် ချည်နှောင်ခံထားရသည့် လက်တွေဖြင့် ရှောင်းကျန့်ခန္ဓာကိုယ်ကြီးကို အသာတွန်းလိုက်သည်။ မော့ကြည့်လာသည့် ရှောင်းကျန့်၏ အပြုံးတွင် ခနဲ့တဲ့တဲ့ အပြုံးများ။

*မလုပ်နဲ့..ငါ တောင်းပန်ပါတယ်*

*အဲ့တာဆို လိမ်လိမ်မာမာနေ ဝမ်ရိပေါ်။ ငါက အရင်ကသာ ဆိုးတဲ့ကလေးတွေကိုချစ်တာ။ အခုတော့ လိမ္မာတဲ့ ကလေးတွေကိုပဲ ချစ်တော့တာ*

ရိပေါ်နားရွက်အနား ကပ်ကာ ပြောလာသည့် စကားသံအချို့။ ရိပေါ် ခေါင်းညိမ့်ပြလိုက်သည်။ တစ်ကယ်ပင် ရိပေါ် တစ်ခုခုပြောလိုက်လျှင် ဒီနေရာမှာပဲ တစ်ခုခုဖြစ်သွားနိုင်၏။ ရိပေါ် စိတ်ထဲမှာ ရှောင်းကျန့်ကို စွန့်လွှတ်လိုက်တာ မနေ့တစ်နေ့ထဲကမို့ သူ ဘာမှ ဆက်ပြောချင်စိတ်မရှိတော့။ သူ့ဘဝက ရှောင်းကျန့် လက်ထဲမှာ။

For..Kde žijí příběhy. Začni objevovat