Part - 9 (Uni) 18+🔞

Start from the beginning
                                    

"ရှင် ပြန်လိုက်ရင်ကောင်းမယ်လို့တော့ ကျွန်မထင်တယ် ဒီနေ့ကျွန်မမွေးနေ့ စိတ်မဆင်းရဲ
ချင်ဘူး"

"ဒီမှာ Kim မင်း လူ့အသိုင်းအဝိုင်းရဲ့ ရွံစရာ
လုပ်ရပ်မျိုးကို မလုပ်မိပါစေနဲ့လို့တော့ ငါ
မျှော်လင့်မိပါတယ်။ငါဘာကို ဆိုလိုလည်းဆိုတာမင်းသဘောပေါက်မှာပါ။"

"ကျွန်မ အိမ်ပေါ်ကို တက်ပြီး ကျွန််မကို စော်ကား နေတာကို ဆက်သည်းမခံ
နိုင်တော့ဘူး ဂယ်ရီ ရှင်ပြန်လိုက်ပါတော့
ဒါကျွန်မ အကောင်းမွန်ဆုံး ပြောနေတာပါ"

"ဟုက်ပြီ ငါပြန်မယ် ဒါပေမဲ့ ငါပြန်လာခဲ့မယ်"

( ဂယ်ရီထွက်သွားသည်နှင့် ဂယ်ရီပြော
လိုက်သည့် ရွံစရာဆိုသော စကားကြောင့်
သူမ ရှက်ပြီး ငိုနေလေသည်။ ထိုစဉ် အပေါ်
ထပ်မှ လီလီ ပြေးဆင်းလာသည် )

"Kim  ဘာလို့ငိုနေတာလဲ သူဘာလုပ်သွားလို့လဲ ဘာတွေပြောသွားလို့လဲဟင်"

"ဘာမှ မဟုက်ပါဘူး လီလီရယ် Kim တစ်
ယောက်ထဲ နေချင်တယ်"

"Kimရယ် လီလီ ရှိနေတာပဲ ရင်ဖွင့်လို့ ရပါတယ်
ပြောပြပါနော်"

"Kimတစ်ယောက်ထဲပဲ နေချင်တယ် ပြီးတော့
Kimရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေက မင်းနဲ့လုံး
ဝ မသက်ဆိုင်ဘူးလို့ထင်တယ် သိစရာလည်း မလိုဘူး"

(Kimပြောလိုက်သော ရင့်သီးတဲ့စကားတွေ
ကြောင့် လီလီ ဒေါသထွက်သွားသည်။ )

"အော် လီလီနဲ့ မသက်ဆိုင်ဘူးပေါ့ဟုက်လား
ဒီအိမ်မှာ ရှိတာမှနှစ်ယောက်ထဲ လီလီကို လူလို့တောင် မသက်မှတ်တော့ဘူးလား Kim လီလီကို ခင်တာတွေ ချစ်တာတွေက အလကားပဲသိလား
အနည်းဆုံးတော့ Kimရဲ့ တိုင်ပင်ဖော် တိုင်ပင်
ဖက်လေးတော့ ဖြစ်ချငိမိပါရဲ့ ခုတော့ ပစ်ပယ်ခံ
ထားရတဲ့ အပယ်ခံမကြီး တစ်ယောက်လိုပဲ kim
လီလီကို ခင်တယ်ချစ်တယ်ဆိုတာ ဟုက်ရော ဟုက်ရဲ့လား အလိမ်အညာတွေလား။လီလီက
ဘာမှသုံးစားလို့မရတဲ့ သူစိမ်းသာသာ ဆိုရင် တော့  ဒီအိမ်မှာ ဆက်နေစရာအကြောင်း မရှိတော့ဘူးလို့ ထင်တယ်။တစ်ယောက်ထဲ နေရ
တာ ကြိုက်တယ်မဟုက်လား။တစ်ယောက်ထဲ
ကြိတ် ခံစားနေရတာကို ပိုကြိုက်တယ်မ
ဟုက်လားလီလီ မနက်ဖြန် ထွက်သွားပေးမယ်"

Lily was a little girl Where stories live. Discover now