ʟʜᴍ - ❷❶

8.5K 670 16
                                    

" အချစ်တွေက မွန်းကြပ်လွန်းတယ် "

[ Unicode]

တိုက်ခန်း ကို ပြန်ရောက်တာနဲ့  အခန်းထဲဝင်ပြီး ခုတင်ပေါ် လှဲချလိုက်သည် ။ သူ့ဘဝကိုတောင် သူမပိုင်တော့ပါလား ။ မင်းက အတ္တတွေ ကြီးနေတုန်းပါပဲလား ရိပေါ်။သူဒီ ကိုရောက်နေတာ တစ်လလောက် ရှိပြီမို့
ပတ်ဝန်းကျင်နဲ့က အသားကျနေလေပြီ ။

ကျန်းချန်တို့ ယွီပင်းတို့နဲ့ကလည်း ချုံချင်းမှာတည်းက အဆက်အသွယ် မပြတ်ခဲ့ ၊ ဖုန်းဆီကနေ ' တောင်! ! ' message ပို့သံကြားလိုက်ရတာကြောင့်  မမှီမကမ်း နဲ့ ခုတင်ဘေး စာပွဲပေါ်က ဖုန်းကို ဆွဲယူလိုက်တယ် ။

လွတ်ကျတော့ မလို့ ကပ်သီးလေးရယ် ။

ရှောင်ကျန့် မနက်ဖြန် ငါမွေးနေ့ မို့ XX club မှာ ဆုံကြမယ် ၊ ယွီပင်း ဟိုကောင်ရော ငါစာပို့ထားတယ် 

ကျန်းချန် ဆီက ဝင်လာတဲ့ message
ကြောင့် ရှောင်ကျန့် တစ်ချက်စဥ်းစားသွားသည် ။ မနက်ဖြန် အလုပ်ပိတ်တယ် ဆိုတော့ အဆင်ပြေပါတယ် ။

Ok လေ ဘယ်ချိန်ဆုံမှာလဲ ၊ မွေးနေ့
လက်ဆောင် လက်မခံပါ ဆိုမှ ငါလာမှာနော်
😎😎 ✉

✉ အမလေး.... မင်းတို့ ကလေ တစ်ချိုးတည်း ၊ ဟိုကောင်ယွီပင်းနဲ့ တစ်လေသံတည်း လာစရာရှိတာ လာခဲ့ လက်ဆောင်တွေ ဘာတွေက အရေးမကြီးပါဘူး ၊ ငါတို့လည်း မင်းနဲ့ မတွေ့ရတာ ကြာပြီလေကွာ ပေကျင်းပြန်ရောက်နေတာတောင် လာမတွေ့တဲ့ ကောင်ကများ 😾😾✉

✉ ငါ့သူငယ်ချင်းလေးက ချစ်ဖို့ကောင်းနေရော....❤❤ အသည်းအကြီးကြီး ယူ ❤❤ စိတ်ချ ....လာခဲ့မယ် အချိန်သာ ပို့လိုက် ငါလည်း မင်းတို့နဲ့ တွေ့ချင်နေတာ ✉

✉ ချီးကို အသည်းအကြီးကြီး ယူ ၊ နောက်မှ လှမ်းပို့လိုက်မယ် အခန်းယူဖို့ ဖုန်းဆက်လိုက်ဦးမယ် Bye!!! ✉

✉  အင်း Bye !!!  အိမ်မက်ထဲမှာ သရဲမချောချောလေးနဲ့ တွေ့ပါစေ 👻👻👻 ✉

ကျန်းချန်တစ်ယောက် ဒေါသထွက်ပြီး ကျိန်ဆဲနေမှာ မြင်ယောင်သေး ။ အတွေးထဲ ရောက်ရောက်လာတဲ့ ဝမ်ရိပေါ်ကို မောင်းထုတ်လိုက်တယ် ။အကျ တွေ အကုန်ချွတ်လိုက်ပြီး ရေချိုးခန်းထဲက bathtub ထဲ ဝင်စိမ်နေလိုက်တယ် ။ ရေချိုးဆပ်ပြာကတော့ ခလေးဘဝတည်းက ခုထိ babi mild ထုတ်ကုန် တွေနဲ့ မလွတ်သေး ။

ʟᴏᴠᴇ ʜᴜʀᴛꜱ ᴍᴇ [ ᴍ-ᴘʀᴇɢ]  ( ᴄᴏᴍᴘʟᴇᴛᴇᴅ) ✔Where stories live. Discover now