' Mean .. '

' ဗျာ '

' မင်း ငယ်ငယ်တုန်းက ဒီမှာတစ်​ယောက်ထဲ​နေခဲ့ရတာလား '

' အင်း ဟုတ်တယ်​ အကိုရဲ့ အ​မေက ကျွန်​တော့်ကို ဒီမှာထားခဲ့တာ '

' မင်း အဲ့ဒီအချိန်တုန်းက ဗိုက်​တွေမဆာခဲ့ဖူးလားဟင် '

ကျွန်​တော်က ပုံမှန်သ​ဘောမျိုးနဲ့​​မေးလိုက်​ပေမယ့် သူက ကျွန်​တော့်ဘက်ကို လှည့်ကြည့်လာ​​တဲ့ မျက်လုံး​တွေမှာ တစ်စုံတစ်ခုကို ဖော်ပြချင်​နေတဲ့ အကြည့်​တွေ​ကြောင့် ချက်ခြင်းပဲ မျက်နှာလွှဲလိုက်ပါတယ် ...

' က​လေး ဆို​တော့ ဆာခဲ့တာ​ပေါ့ ဒါ​ပေမယ့်လည်း ကျွန်​တော်က နည်းလမ်းတစ်ခုကိုရှာ​တွေ့သွားတာ '

' .... '

' ကျွန်တော် အ​မေထွက်သွားတဲ့​နောက်ကို​ပြေးလိုက်ရင်း ချော်လဲသွား​တော့ လက်​တွေ​ရော ၊ ခြေ​ထောက်​တွေမှာပါ ဒဏ်ရာ ရသွားခဲ့တာ ကျွန်တော် အဲ့ ဒဏ်ရာ​တွေအရှိန်နဲ့​ရော တ​နေကုန်ငို​နေတာ​ရော ပေါင်းပြီး ဖျားပါ​လေ​ရော အဲ့လို ဖျား​နေတဲ့အချိန်မှာ ကျွန်တော် လုံးဝ ဗိုက်မဆာခဲ့ဖူး အဲ့ထဲကစပြီး သိသွားတာက ငါ နေမ​ကောင်း​နေမှ ဗိုက်ဆာတာ အဆင်​ပြေမယ်ဆိုတာပဲ အဲ့တာ​ကြောင့် ကျွန်တော် ဒီက​နေ ထွက်မသွားနိုင်​သေးခင်က ဗိုက်ဆာတယ့် အချိန်တိုင်း ကိုယ့်ကိုကိုယ် တစ်ခုခုလုပ်ပစ်လိုက်တာ '

ဒီ​လောက် ကြမ်းတမ်းခက်ခဲလွန်းတဲ့ ဘဝကို အခုအချိန်မှာ ဘာမှမဖြစ်သလို ပြန်​ပြော​နေ​ပေမယ့်လည်း သူ့ ရင်ထဲ နာကျင်​နေမယ်ဆိုတာ ကျွန်တော် နားလည်နိုင်ပါတယ်

* ငါ မင်းကို သနားလိုက်တာ Mean ရယ် *

' အကို့လို လူက​တော့ ကျွန်​တော့်ကို အရိုင်းအစိုင်း​ကောင်လို့ ထင်​နေမှာ​နော် 
ကျွန်​တော် မရည်ရွယ်ခဲ့ပါဖူး အကိုရယ် '

' ... '

' ကျွန်တော် အကို့ကို ဒီလို​နေရာမှာ ပိတ်​​လှောင်ထားမိတာကိုလည်း တောင်းပန်ပါတယ် ကျွန်တော် အကို့ တခြားသူ​တွေနဲ့ ပျော်​နေတာကို တကယ်မကြိုက်ဖူး
ဒါ​ပေမယ့်လည်း ကျွန်​တော်လို ကောင်မျိုးက ဘာမှ မဟုတ်​တော့ သာမန်လူ​တွေလို အကို့ကို လိုက်ဖို့ကျ​တော့လည်း ကျွန်တော့်အတွက်က မဖြစ်နိုင်ဖူး မဟုတ်လား  အဲ့တာကြောင့် အခုလို​တွေ အတ္တကြီးမိတာပါ
💙 ဒါ​ပေမယ့် ကျွန်​တော် ကတိ​ပေးတယ် ရှေ့​လျှောက် အကို တစ်သက်လုံး​ပျော်ရွှင်ရ​အောင်  ကျွန်​တော် ကာကွယ်စောင့်​ရှောက်သွားမှာပါ 💙 '

🔥P.S.Y.C.H.O🔥Where stories live. Discover now