"ဟုတ်ပါပီဗျာ"
ဇော်ထူးနဲ့ခွန်သာ မနက်စာစားနေတုံး ထမင်းစားပွဲမှာလာထိုင်တဲ့ ဈာန်ကြောင့်၂ယောက်လုံး အံ့ဩပီးကြောင်တောင်တောင်နဲ့ကြည့်နေမိသည်။အကြောင်းကတော့ ဈာန်ကပထမဉီးဆုံးခွန်သာပြင်ပေးတဲ့အနက်စာကို လာစားခြင်းကြောင့်ပင်။
"ဘာကြည့်နေတာလဲ ကော်ဖီထည့်ပေးလေ"
"ဟုတ် ဟုတ်ကဲ့"
"အာ့"
ခွန်သာကြောက်ကြောက်လန့်လန့်နဲ့ကော်ဖီထည့်လိုက်တာလက်ကချော်ပီး ကော်ဖီပူပူက
ခွန်သာရဲ့ နုဖတ်နေတဲ့ခြေဖမိုးပေါ် ဖိတ်ကျကုန်သည်။"ခွန်သာ ညီလေး အဆင်ပြေလား"
"ဟုတ် ရပါတယ် သားအဆင်ပြေတယ်"
ဈာန်ကတော့ သူ့အလုပ်မဟုတ်သလို ကော်ဖီသောက်ရင်း ဘေးကLaptopကို အာရုံစိုက်နေသည်။
"ဘာရတာလဲ ခြေဖမိုးတေနီရဲနေပီ လာ ဆေးလိမ်းပေးမယ်"
"ဟို ဟို ရပါတယ် သားကိုယ့်ဟာကိုယ်လိမ်းလိုက်ပါ့မယ် သားကျောင်းနောက်ကျနေလို့သွားပီနော်"
ခွန်သာ ဝမ်းနည်းမှုကိုဆက်မထိန်းနိုင်တော့တာကြောင့်အပြေးထွက်လာမိသည်။သူအပူလောင်သွားတာကို ကိုယ့်ယောက်ျားဖြစ်တဲ့လူကြီးကတစ်ချက်တောင်အာရုံမရဘဲ သူများကစိတ်ပူတယ်တဲ့လား။အေးလေ ငါ့ကသူ့အတွက် ကျွန်သာသာပဲကို ငါ့ကိုချစ်လို့ယူထားတာမှမဟုတ်တာ။
ကျလာတဲ့မျက်ရည်တေကို လက်ဖမိုးနဲ့ခပ်ကြမ်းကြမ်းသုပ်ပီး ကားမှတ်တိုက်ကိုသာ လျှောက်လာလိုက်သည်။သူDriverနဲ့လာရမဲ့ဟာ သူခြံထဲကငိုပီးပြေးထွက်ခဲ့သည်လေ။
"Boss ကျွန်တော်မပြောသင့်ဘူးဆိုပေမဲ့ Bossအရမ်းလွန်တယ်ဗျာ"
"Hk ငါမလွန်ဘူး ဇော်ထူး"
"ကျစ် မင်းငါ့ကိုဆရာလာလုပ်နေရင် ငါမင်းကိုပိုင်ထွေးနဲ့ခွဲလိုက်ရမလား"
"အမယ် သူများအတွဲကိုလာပီး မပြောနဲ့ Boss အားကျတယ်ဆိုအားကျတယ်ပေါ့ ဘာလဲ"
"ဟဲ့ကောင် မင်းငါ့ကိုပြောတော့ မိန်းမယူမှာလေးဘာလေးနဲ့ ငါပိုင်ထွေးကိုပြောမယ် မင်းကြည့်နေ"
![](https://img.wattpad.com/cover/263424249-288-k280956.jpg)
CZYTASZ
My Baby's Father is not You (Complete)
Romansငါ မင်းမိဘတေကိုမုန်းတယ်ခွန်သာ အေ အဲ့လိုပဲ မင်းကိုလဲ ငါ မုန်းတယ် ပီးတော့မင်းကငါ့ရဲ့အရာရာဖြစ်နေတာကိုလဲ ငါမုန်းတယ် ဈာန်ကမ္ဘာ ခဗျားကျနော်ကို မုန်း ကြိုက်သလောက်မုန်း ကျွန်တော်လဲ ကျွန်တော်ကိုမယုံကြည်နိုင်တဲ့ ခ...
Part 22 (U&Z)
Zacznij od początku