ရဲနေတဲ့သားခန့်ရဲ့နဖူးကိုပွတ်ပေးပြီး ရှင်းသန့်ပြောလိုက်သည်။ ရှင်းသန့်ပြောလိုက်တော့ ရှင်းသုတနောင်က မျက်နှာကြီးမဲ့ပြီး မျက်ရည်တွေဝဲနေသည်။

"ဟင့် ပါပါး.."

သူပဲရိုက်လိုက်ပြီးတော့ သူပဲမျက်ရည်ဝဲနေတဲ့ရှင်းသုတနောင်ရယ်ပါ...

ရှင်းသန့်ဘေးနားမှာထိုင်နေတဲ့သားခန့်ကိုအတင်းတွန်းပြီး ရှင်းသန့်ပေါင်ပေါ်မှာထိုင်လေသည်။

"ပါပါး ဟင့်.."

"ဘာလို့ကိုခန့်ကိုရိုက်တာလဲ?သား...
ကိုခန့်က စာရေးနေတာလေ.."

"ပန် ပန် တူ့ကိုပန်ခိုင်း..."

"ကိုခန့်က စာလာလုပ်တာလေကွာ...
သားနော် ပါပါးအဲ့လိုအကျင့်တွေမကြိုက်ဘူး.."

သားကလေ သားခန့်လေးလာတာနဲ့အဲ့တိုင်းပဲ...
ပြန် ပြန် ဆိုပြီး နှင်ထုတ်နေတာ..
ကျောင်းပိတ်ရက်လေး ပထမတန်းရောက်နေပြီဖြစ်တဲ့ သားခန့်ကိုစာပြပေးတဲ့ဟာကို မရဘူး အတင်းနှင်လွှတ်နေတာ...
သားခန့်ပါလာတဲ့မုန့်ကျတော့ သူစားတယ် သားခန့်ကိုကျ  ပြန် ပြန် ဆိုပြီး နှင်လွှတ်သေး..

သားခန့်က တစ်ဦးတည်းသောသားလေးဆိုတော့ သားကိုအတော်ခင်တွယ်သည်။

"ဟင့် ဟင့်..."

"မငိုနဲ့တိတ် ပါပါးတိုးတိုးပြောပြဦးမယ်..."

ရှင်းသုတနောင်ကိုကောက်ချီလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

"သားခန့် နာသေးလား.."

"မနာတော့ဘူး ကိုကို.."

"နာရင်ကိုကို့ကိုပြောနော် ဒီမှာ ဒီပုဒ်လေးတွေတွက်ထားနော်...
ကိုကို သုတကို သိပ်လိုက်ဦးမယ်.."

"ဟုတ်..."

ရှင်းသန့်လည်း အဆိုးလေးကိုချီပြီး အခန်းထဲဝင်လာလိုက်သည်။

"ကိုခန့်ကိုအဲ့လိုမရိုက်ရဘူးလေ သားရယ်...
ကိုခန့်ပါလာတဲ့မုန့်တွေကျ စားပြီးတော့...-

"ပန်ပါချိုတာကို ရွှတ်.."

"ကိုခန့်က သားကိုညီလေးလိုချစ်လို့လာကစားတာလေ...
သားကလည်း ကိုယ့်အစ်ကိုနဲ့ပြန်ကစားရမှာပေါ့...
ပါပါးသားလေးက လိမ္မာတယ်နော်..
နောက်တခါ ကိုယ့်အစ်ကိုကိုအဲ့လိုမရိုက်ရဘူးနော်.."

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now