' အေး sorry ပါကွာ ဒီ​ခေတ်ကြီးထဲ လူလိမ်​တွေကများလွန်းလို့ မင်းကို
မယုံကြည်မိသွားတယ် sorry နော် '

' ရပါတယ် အကိုကလည်း ကိစ္စမရှိပါဖူး '

' ငါလည်း ခရီးကအခုမှပြန်​ရောက်လာတာရယ်  မင်းကလည်း ချက်ခြင်းကြီး ရောက်ချလာ​တော့ ဘာမှပြင်ဆင်ချိန်မရှိဖူး  မိုးလည်း ချုပ်​​နေပြီမို့လို့ ဒီ​နေ့​တော့ ကြုံသလိုပဲ အိပ်လိုက်​တော့​နော် နောက်​နေ့မှ ငါတစ်ခုခုစီစဥ်​ပေးပါမယ် '

' ကျွန်တော်က ရပါတယ် အကို အဆင်​ပြေရင်ပြီးတာပါပဲ '

ဘေးချင်းယှဥ် တစ်ခါမှမ​နေဖူးလို့ သေချာမသိ​ပေမယ့် အခုလို ဘေးချင်းယှဥ်ရပ်​နေမိ​တော့ သူ့ အရပ်က ငါ့ရင်ခွင်နဲ့ဆို ကွက်တိပဲ... $ရမ်းလိုက်ဖက်တာ​ပေါ့..

' မင်း ညစာရော စားပြီးရဲ့လား '

' မစားရ​သေးဖူး '

' အာ..အဲ့တာဆို ခဏ​လေးနော် ငါ တခုခုလုပ်​ပေးမယ် ခဏ​စောင့်​နော် '

' ဟုတ် '

ငယ်ငယ်ထဲက ဘယ်သူ့ကိုမှ ယဥ်ယဥ်​ကျေး​ကျေး မ​ပြောဆိုတက်တဲ့ ငါလို ကောင်က သူနဲ့​တွေ့ရင်​တော့ *ဟုတ် , ကျွန်​တော် , ခင်ဗျ * ဆိုတဲ့ စကားလုံး​တွေက လုပ်ယူ​နေစရာကိုမလိုပဲ သူ့အလိုလိုနှုတ်က ထွက်မိ​နေတာမျိုး...

' ငါလည်း ခရီးက ခုနကမှပြန်​ရောက်လို့ ထမင်း​တော့မရှိဖူး ခေါက်ဆွဲပြုတ်ပဲ စားလိုက်​နော် '

' ဟုတ် '

ငါ့ရဲ့ အ​ရှေ့မှာပန်းကန်ချ ပေးပြီးတာနဲ့ သူ လုပ်စရာရှိတာ​တွေ ဆက်လုပ်​နေတာကို  ငါ တကယ်ကို သဘောမကျဖူး.. သူ့ကို ငါ့​ဘေးနားမှာပဲ အမြဲတမ်း တချိန်လုံးရှိ​နေ​စေချင်တာ.. အဲ့​တော့ ငါ တစ်ခုခု လုပ်မှဖြစ်မယ် ....

' အဟွတ် !အဟွတ် !'

' သီးကုန်တာလား ဖြေး​ဖြေး​စားမှ​ပေါ့ကွ လုစားမယ့် သူလည်း မရှိပါဖူး ရော့ ရေ​သောက်လိုက်ဦး အဆင်​ပြေရဲ့လား '

ခေါက်ဆွဲပြုတ်စား​နေရင်း သီး​နေသလို ဟန်​ဆောင်လိုက်​တော့ ဘေးနားကိုချက်ခြင်း ရေခွက်​လေး ကိုင်ပြီး​​ရောက်လာ​ပေးတဲ့သူ..  $ ရမ်း ချစ်ဖို့​ကောင်းတယ်..

🔥P.S.Y.C.H.O🔥حيث تعيش القصص. اكتشف الآن