ဒီ ဝမ်ရိပေါ် လက်ရဲဇက်ရဲမှန်းသိပေမယ့် FAတွေကို နဲနဲလေးတော့ အားနာသင့်ပါတယ်လေ။

ရိပေါ်ကိုတလှည့် မျက်လုံးတထွာလောက်ပြူးထွက်မတတ်ကြည့်နေတဲ့ ဘေးကလူတွေကို တလှည့်ကြည့်ပြီး ရှောင်းကျန့်က တိုးတိုးလေးကပ်ပြောတယ်။

' ကိုကို နောက်နေ့မှ လာပြီးလေ့ကျင့်တော့ 'တဲ့။

ခပ်သွက်သွက်လေးထွက်သွားတဲ့ ရှောင်းကျန့်ကိုကြည့်ပြီးတချက်ရယ်ရင်း ရှေ့မှာထိုင်နေတဲ့ Clubရဲ့ အကြီးဆုံးလို့ပြောရမယ့် ကောင်းရှန်ကောရဲ့ ဟနေတဲ့ ပါးစပ်ကို စိပေးလိုက်တယ်။

' ကောတို့ကြောင့် ကျနော့်သိုးကလေးရှက်သွားပြီ'

----------------------------

' ငါမသောက်တော့ဘူး..မင်းယူမလား
ရှောင်းကျန့်'

ပြောပြောဆိုဆို ရှေ့ကိုကမ်းပေးလိုက်တဲ့ အချိုရည်ဘူး။

' သူကမင်း ယောက်ဖလောင်း..ငါ့ချစ်သူ ..အနာဂတ် သတိုးသားလောင်း အမှိုက်ပုံး မဟုတ်ဘူးယီကျိုး ..မသောက်ချင်ရင် အမှိုက်ပုံးထဲ ထည့်လိုက် '

ပြောပြောဆိုဆို ယီကျိုးလက်ထဲကနေ အမှိုက်ပုံးထဲ ရောက်သွားတဲ့ အချိုရည်ဘူးလေး။

ရိပေါ်ကိုကြည့်ပြီး ယီကျိုးက ပခုံးတချက်တွန့်တယ်။သတိုးသားလောင်းဆိုပဲ..။ဟုတ်သား ရှောင်းကျန့်ရဲ့ ပါပါးနဲ့ မာမားဆီမှာ တောင်းရမ်းထားပြီးပြီလို့ ဦးလေးပြောခဲ့သားပဲ။

ဖုန်းလေးကို ပိတ်ကာ စားပွဲပေါ်တင်ထားလိုက်ပြီး မပြောမဆို ထွက်သွားတဲ့ ရှောင်းကျန့်ကို  ကြောင်ကြောင်လိုက်ကြည့်မိတဲ့ ရိပေါ်နဲ့ ယီကျိုး။

ဘာလဲဟ။အမှိုက်ပုံးထဲရောက်သွားတဲ့ အချိုရည်ဘူးကြောင့်လား။မဟုတ်လောက်ပါဘူး။

စားပွဲပေါ်တင်ထားခဲ့တဲ့ ရိပေါ်ရဲ့ ဖုန်းကို ယီကျိုး ဖွင့်ကြည့်လိုက်တော့ မျက်လုံးပြူးသွားရတယ် ။

' ကော ..မင်းတော့ ကွိုင်တက်ပြီ'
' ဟမ်'

ယီကျိုးထိုးပေးတဲ့ ဖုန်းကိုကြည့်လိုက်တော့ ....

'' မောင် ..မ ပြန်လာပြီ''

Emma
2021.2.14

-------------*******************--------

Hăo Jiŭ Bù Jiàn(好久不见)(Completed )जहाँ कहानियाँ रहती हैं। अभी खोजें