သို့...အကို

1.1K 151 43
                                    

သို့ ... အကို
BL (one shot)
xxxxxxxxxxxxxxx
ဘော်ဒါတွင် စာကျက်နေရင်း ကျွန်တော့်ခေါင်းထဲမှ မူးရိပ်ရိပ် ဖြစ်လာသည် ။ ရေသောက်ပြီး ခေါင်းကြည်ရန်လုပ်ဖို့ မတ်တပ်အထ ၊ ခန္တာကိုယ်၏ အလေးချိန်ကို မထိန်းနိုင်တော့ပဲ ဘုန်းခနဲ လဲကျသွားသည် ။

" ဟယ်...လုပ်ကြပါအုန်း ။ ဟိုမှာ စည်သူလေး မေ့လဲသွားတာလား မသိဘူး ၊ ထူကြပါအုန်းဟဲ့ ''

" ဟုတ်ပ စည်သူလေး မေ့လဲတာ ၊ မ..မ.. ပြီးရင် လမ်းထိပ်ဆေးခန်းကို တန်းပို့ ။ ခုချိန် ဆရာဝန်လေး ရောက်နေလောက်ပြီ ''

xxx
မေတ္တာမွန် ဆေးခန်း
ဒေါက်တာ - ထွန်းဓနအောင်
( M.B.B.S.......)

ကျွန်တော် မိနစ်ပိုင်း အတွင်းတွင် သတိရလာသော်လည်း ခန္တာကိုယ်က ဘော်ဒါတွင် မဟုတ်တော့ ။ ဆေးနံ့ခပ်သင်းသင်းရနေသော အခန်းငယ် တစ်ခုထဲတွင် ဖြစ်သည် ။ ဆရာဝန် အစ်ကိုတစ်ယောက်က ကျွန်တော့်ကို bp တိုင်းရင်း မျက်ခုံးနှစ်ဖက်ကို ထိကပ်နေသည်အထိ ရှုံ့ထားသည် ။ အကို မျက်ခုံးရှုံ့ထားတာ  ကြည့်ရမဆိုးပဲ အလွန်ခန့်သည် ။ အကို့ကို ကျွန်တော် သဘောကျလိုက်တာ ။ သူက ချောပဲချောနေလို့လား ၊ ဆရာဝန်မလို့လား ကျွန်တော် နားမလည် ။ သေချာတာကတော့ အကို့ကို ကျွန်တော် သဘောကျသည် ။

ဘော်ဒါအုပ်ကတော့ ဆရာ့ဘေးတွင် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို မီးပွင့်မတက် ပွတ်တိုက်နေခဲ့သည် ။ ထို့နောက် အကိုက စုတ်တစ်ချက်သပ်လိုက်ပြီး

" ကလေးက အကြောအားရော သွေးအားရော အရမ်းနည်းနေတာပဲ ။ ဒီတိုင်းဆို ပြန်လွှတ်ဖို့ မဖြစ်တော့ဘူး ''

" ဘယ်လို လုပ်ရင် အဆင်ပြေမလဲ ဆရာ ။ သူက ကျွန်မ ဘော်ဒါမှာ အဆောင်လာနေတာပါ ။ မိဝေးဖဝေးဆိုတော့.. သူ့အိမ်ကို လှမ်းခေါ်ရင်လဲ  ကြာအုန်းမှာ ''

" ရပါတယ်  drip ချိတ်လိုက်ရင် အဆင်ပြေမှာပါ ''

" ဟုတ်ကဲ့ ဆရာ ၊ ဒါဆို ကျွန်မ ဘော်ဒါ ခဏပြန်ပြီး သူ့အိမ်ကို ဖုန်းဆက်လိုက်ပါအုန်းမယ် '' ဟု ဆိုပြီးနောက် ဘော်ဒါအုပ်လဲ ကျွန်တော့်ကို ဘာမပြော ညာမပြောနှင့် ဆေးခန်းမှာ ထားခဲ့ကာ ပြန်သွားသည် ။

You've reached the end of published parts.

⏰ Last updated: Jan 21, 2021 ⏰

Add this story to your Library to get notified about new parts!

သို့..အကို (Uni+Zawgyi)One ShotWhere stories live. Discover now