သူလဲ ဘာမှပြောမနေတော့ဘဲ ဟင်းချက်ရန်ပြင်လိုက်သည်။
အဲ့ဒါမှ ဒုက္ခ သူဟင်းချက်စားမယ်ဆိုရင်တောင် ဘာမှ မှ မ၀ယ်ထားတာ ခွမ်းကော ဆီက တောင်းကြည့်ရမှာဘဲ
" ခွမ်းကော ဟီးဟီး"
"အင်း"
" ကျွန်တော်လေ ညစာစားဖို့ ဘာမှချက်စရာမရှိဘူး  အဲ့တော့လေ.."
"အဲ့တော့ ငါဝယ်ထားတဲ့ဟာတွေကို ယူချင်တယ်ပေါ့"
"ကျွန်တော် ပြန်ဝယ်ပေးမှာပါ"
"အင်း စနစ်တကျ ထား,ထားတာ သေချာကြည့်ယူ မရောစေနဲ့ "
ကျိုးချန် ရေခဲသေတ္တာကို ဖွင့်တော့ ဘာယူရမလဲမသိ။
သူလဲ မယ်မယ်ရရ ဘာမှ ချက်တက်သည်မဟုတ်၊
ဒါနဲ့ပဲ ကြက်ဥ ယူလိုက်တယ်၊ ပြီးတော့ မုန့်ညင်းရွက်အချို့ကိုလဲ ယူလိုက်တယ်။
သူ့ဆီမှာ ရှိတဲ့ ခေါက်ဆွဲခြောက်ထုပ်ကိုသာပြုတ်စားရန်ကြံလိုက်သည်။
ဖောက်ပြီသားခေါက်ဆွဲထုပ်အခွံကိုနောက်မှ အမှိုက်ပုံးထဲထည့်မယ်ဆိုပြီး ခနမှခန လေးထားရုံရှိသေး...။
" ဟေ့ ကောင်လေး မင်း အမှိုက်ကို ဒီတိုင်းထားရလား အမှိုက်ပုံးထဲထည့်လေ"
" ထည့်မှာပါဗျ ခနလေး"
သူ ခေါက်ဆွဲခြောက်ကိုအိုးထဲထည့်ရန် ပြင်လိုက်တော့..
" ကျစ် ကောင်လေးမင်း လက်ကို အရင်ဆေးပြီးမှ ထည့်လေ ညစ်ပတ်လိုက်တာ"
"...."
ကျိုးချန် တစ်ယောက် ဘာမှမပြောဘဲ လက်ကိုဆေးလိုက်သည်။
နောက်တာ့ မိနစ်အနည်းငယ် ကြာတော့ ခေါက်ဆွဲက အသင့်အနေအထားဖြစ်ပြီဖြစ်သောကြောင့် အရွက်ကို အရင် ထည့်ရန် ရေဆေးပြီး လှီးရန်ပြင်လိုက်တော့...
" ဓားကိုပါရေဆေးလေ ဓားမှာ ပိုးမွှားဘာညာ ကပ်နေရင် ဘယ်လိုလုပ်မလဲ မင်း အရွက်ကိုပဲ ရေဆေးရင်ပြီးရောလို့ထင်နေတာလား"
"...."
စိတ်ကိုဆွဲဆန့် ထားလိုက်သည်။
*အင်း ကျိုးချန် စိတ်လျော့ သူများပစ္စည်းတွေနဲ့ ချက်ပြုတ်နေတာ သည်းခံစမ်း*