ဖူးစာ

7K 515 27
                                    

ချောက် !

ရီရှင်း တယောက် ဖွင့်ထားသော စာကြည့်မီးအိမ် လေးကို ပိတ်ကာလက်ညိုး လက်မညှပ်၍မျက်ရိုး တွေကို ဖိနှိပ်နေမိတယ်။ ဒီည အိမ်အပြန်နောက်
ကျတာနဲ့ ပဲ စာကြည့် စားပွဲ ထိုင်တော့ ညဥ့်နက်
သွား လေပြီ။ သူက စာဂျပိုး တယောက် မဟုတ်
ပေမယ်လို့ စာပုံမှန် လုပ်သူမို့ အချိန်တိုင်း စာကြ
ည့် ဖြစ်သည့် သူမျိုးပေါ့။

#Ring Ring

အိပ်ယာထက် ကျောချရုံရှိသေး စာပွဲပုလေး
ပေါ်တင်ထားသော ဖုန်းက ဖျတ်ခနဲ မီးလင်း
ကာ အသံပြုလာတာကြောင့် ယူကြည့်မိသည်။ Contact ထဲဝယ် မရှိသည့် နံပတ်အစိမ်းနှင့် msg တစောင်ရယ် ..။

Click*!

#Ray .. ကျတော် နမ်ဆန်ရှေ့မှာ ခုထိစောင့်
နေတုန်းပဲ#

အင် .. Ray ???

msg ဝင်ဖတ်လိုက်တော့ သူ့သူငယ်ချင်း နာမည်
နဲ့မို့ ရီရှင်း အနည်းငယ် ကြောင်သွားတယ်။ မဟု
တ်မှမှန်နေရော .. Ray ဆိုတဲ့ကောင် သူ့အရှုပ်
ဇယားထဲ ဆွဲသွင်းလိုက်ပြန်ပလား ဟု တွေးကာ
ကျိန်ဆဲ မိလိုက်သေးသည်။ စာပြန်ပို့ဖို့တော့ မ
ကြံရွယ်မိ ... ဒီလို ကိစ္စမျိုးက အကင်းသေနေတဲ့
ဖြစ်ရိုးဖြစ်စဉ် တခုလို .. ချောက်ချခံရပေါင်းတွေ
များပြီမို့ .. Ray တယောက် နောက်မှ သူ့နည်းသူ့ ဟန်ဖြင့် ဖြေရှင်းလိမ့်မည် တွေးကာ ဖုန်းကို ပိတ် လိုက်မိသည်။

#ကျတော် မလာမချင်း စောင့်နေမယ် ..#

အယ် ..

လက်ထဲမှာပဲရှိသေးတဲ့ ဖုန်းက ဒုတိယအကြိမ်
မီးလင်းလာပြီး နောက်ထပ်မက်ဆေ့တစောင်
က အလိုက်သင့် ရောက်လာပြန်တယ်။ စာအိတ်
ပုံသဏ္ဌာန်လေးကို ထောက်မကြည့်ရသေး status bar မှာပေါ်လာသည့် စာကို ရီရှင်း
ဦးစွာ ဖတ်မိလျက်သား ဖြစ်သွားသည်။

"မလာမချင်း စောင့်မယ်ဆိုဘဲ .. အလာသား !!"

Ray လောက် ရီးစာသနာ များတဲ့ကောင်မှာ
ဒီလို ဇယားတေမှ ဒုနဲ့ဒေး!! အဲ့လို ဇယားထဲ
ဆွဲသွင်းခံရပေါင်း မနည်းတဲ့ ရီရှင်းဆိုလည်း
အထာတွေကို နောကျေသလောက်ရှိနေပြီ။
ဥပမာ အခုလိုမျိုးပေါ့။ ချိန်းထားတဲ့နေရာ ရော
က်မလာလေတဲ့ Ray ဆီ မလာမချင်းစောင့်
မယ် ဆိုတာမျိုး ။ ရှင်မှ လာမတွေ့ရင် တံတား
ပေါ်က ခုံချပစ်မယ်။ ကားရှေ့ ထိုးခံပလိုက်မယ်။
မိုးလင်းတဲ့ အထိစောင့်မယ်။ နေရာက တဖဝါး
မှ မရွေ့စောင့်မယ် ..။ အမလေး မစိုးရိမ် စိုးရိမ်
အောင် ခြိမ်းခြောက်နည်းပေါင်းချုပ်တွေ လှန်
လှောပြီး ဟိုကိုယ်တော်ကို ဆွဲဆောင်ကြတာ။
တကယ်တမ်း ဖုတ်လေတဲ့ငပိ ရှိတယ်လို အထင်
မခံရလေတော့မှ ရက်စက်လေခြင်း ငိုချင်းချပီး
ပွဲပီး သွားတတ်တာက ထုံးစံ။

ဖူးစာ [Completed]Where stories live. Discover now