Part-23

1.4K 117 1
                                    

ရတီက စိတ်မတည်မငြိမ်ဖြစ်ပြီးဆေးကုသမှုခံယူခဲ့ကာ မာန်တို့မိသားစုကိုတောင်းပန်လေသည်။ အကုန်လုံးကတိတ်ဆိတ်နေပြီး မာန်ကတော့ကျေနပ်ပုံမပေါ်ပဲမေးရိုးတွေထင်းနေ၏။

"သား ရတီတောင်းပန်နေတယ်လေ။"

"အဲ့တော့မေမေ ဘာလုပ်မှာလဲ။ ငါးနှစ်လုံးလုံးမေမေ့ကို အရာရာအကျပ်ကိုင်ပြီး စိတ်ဆင်းရဲမှုပေးလာတာရောထည့်မတွက်ဘူးလား။ပြီးတော့ ကျွန့်တော့်ယောက်ျားနဲ့ဗိုက်ထဲကလေးအတွက်‌တရားမျှတမှုကရော။ ပါးစပ်ကတောင်းပန်လိုက်တာနဲ့ပြီးသွားရောလား။"

"ဒါ ဒါပေမယ့် သူ့ကြောင့်မေမေ မြေးလေးနဲ့သားကိုအခုထိတွေ့ခွင့်ရနေတာ။"

မေမေက မျက်ရည်ကျတော့ မာန်စိတ်ကိုထိန်းလိုက်ပြီး။

"ငါ ဒီမြို့မှာ မင်းကိုမမြင်ချင်ဘူး။ ငါ့ကလေးကိုသတ်ဖို့လုပ်ကြံခဲ့တဲ့အတွက်ကြောင့် မေမေတင်နေတဲ့ကျေးဇူးကြွေးကကျေပြီ။"

"ကျေးဇူးတင်ပါတယ်။ မာန်..."

"ရတီ..."

စောင်းကရတီ့လက်လေးကိုကိုင်ပြီး

"ကိုယ်ရတီ့ကိုစောင့်ရှောက်ပါ့မယ်။ ကိုယ့်ကိုခွင့်လွှတ်ပေးပါ။"

ရတီခေါင်းခါလိုက်သည်။

"နင်မမှားပါဘူး။"

စောင်းရတီ့ကိုစွတ်စွဲခဲ့တာမဟုတ်ပဲ ရတီ့က မာန့်အပေါ်စိတ်ယိုင်ပြီး စောင်းကိုအမျိုးမျိုးပြသနာရှာကာ ကလေးကိုပါ ဖျက်ဆီးပစ်တော့ စောင်းစိတ်မထိန်းနိုင်ပဲလက်ပါမိတာဖြစ်သည်။သို့ပေမယ့်ရတီ့ကို ချစ်တဲ့စိတ်က စောင်းဆီမှာရှိနေတုန်းဖြစ်ပြီး ရတီအခက်ခဲနှင့်ကြုံတော့ပိုပြီး အနားကမခွာနိုင်ဖြစ်ရသည်။

မာန်ကအလုပ်သိပ်မအားတာကြောင့် စကားဖျက်ပြီး အပြင်ထွက်သွားရာ ရတီတို့လည်းပြန်သွားလေသည်။
မာန့်မေမေကတော့ အိမ်ထဲဝင်ပြီး အားမာန်လေးကိုသွားပြန်ကြည့်ရာ

"သားသားရေ...ဟပါဦး...ခိခိ ပါပါးကိုမလုပ်နဲ့။"

"ဘူး...ဘူး..."

အားမာန်လေးက ၇လရှိနေပြီး ထမင်းစားခုံမှာတောင်ထိုင်တတ်နေပြီဖြစ်သည်။ အခုလည်းခွန်းကထမင်းခွံနေတာကို တဘူးဘူးဖြင့်ပြန်မှုတ်ထုတ်နေသည်။ ပါးစပ်ပေါက်သေးသေးလေးထဲကို စိတ်ရှည်လက်ရှည်ထမင်းတွေကိုသေချာလေးထည့်နေတဲ့ခွန်းကပင်ပန်းပေမယ့် အပြုံးမပြတ်နိုင်ပေ။

အငှားကိုယ်ဝန်// အငွားကိုယ္ဝန္//(Completed)Where stories live. Discover now