Part-13

1.6K 155 2
                                    

"ကိုကို နဲ့ ညီညီ မင်းတို့အရမ်းကို ကဲပါလား။ အခုပဲ ရေချိုးပြီးတယ်။ ကျောင်းဝတ်စုံတွေညစ်ပတ်ကုန်တော့မှာပဲ။ "

အရမ်းဆော့လွန်းသည့် ညီဖြစ်သူရှားရတုနှင့် ရှင်းရတုကို ခွန်းက အာပေါက်အောင်လိုက်ပြောနေရသည်။ ကလေးတွေကတော့ ဆော့ဖို့ပဲသိပြီး ဘာမှနားမလည်။ လိုက်လုပ်နေရတဲ့ လူကြီးတွေကအသက်ထွက်တော့မည်။ သို့ပေမယ့်လည်း သူတို့ရဲ့ခုလို အပြုမူလေးတွေကပဲချစ်ဖို့ကောင်းသည်မဟုတ်လား။ သားလေး အာမာန်ကြီးလာရင်ရော ဒီလိုပဲအရမ်းကဲမလား။ အရမ်းချစ်ဖို့ကောင်းမှာပဲ။ ခွန်းကရုတ်တရက်သားအကြောင်းတွေးကာ ပြုံးမိသွားသည်။ တစ်ဆက်တည်း မှာပဲသားက ကိုယ်မပိုင်ဘူးဆိုတာတွေးပြီး ရင်ထဲဆို့နင့်လာပြန်၏။

"ကိုကြီး ကိုကြီး ကျောင်းသွားတော့မယ်လေ။"

"အာ...အင်း အင်း။"

ညီနှစ်ယောက်က ကျောင်းကားနှင့်သွားတာဖြစ်ပေမယ့် တစ်ရက်တစ်လေ ခွန်းလိုက်ပို့ချင်လို့ဖြစ်သည်။ ကွန်ဒိုမှာလည်း လုပ်စရာရှိတာတွေလုပ်ရမှာမို့ လမ်းသင့်နေတာလည်းပါသည်။ ခွန်း ညီလေးတွေကိုခေါ်ပြီး အငှားကားဖြင့်ကျောင်းသို့ထွက်လာခဲ့လေသည်။

ကျောင်းရောက်တော့ ညီဖြစ်သူတွေက ပျော်ရွှင်စွာပဲကျောင်းထဲသို့ပြေးဝင်သွားသည်။ ကျောင်းမပျင်းတာနဲ့တင် ဒီညီအစ်ကိုနှစ်ယောက်ကို ခွန်းတော်တော်ကျေးဇူးတင်နေပါပြီ။ ကျောင်းကနေ ကွန်ဒိုကို လမ်းနဲနဲပဲလျှောက်ရမှာမို့ ခွန်းအေးအေးဆေးဆေး လမ်းလျှေက်လာစဉ်

"တီ!"

ခွန်းဘေးမှ BMW ကားအနက်ရောင်တစ်စီး။ ဒီကားမျိုးနှင့် ခွန်းအသိတည်းမှာ တစ်ယောက်ပဲရှိတယ်ဟု တွေးမိလိုက်စဉ်မှာပဲ ကားမှန်ကပွင့်လာပြီး

"ကလေးတွေ ကျောင်းပို့တာလား။"

"ကိုကို..."

မာန်က ပြုံးလိုက်ပြီး

"ကားမဝယ်ထားဘူးလား။"

ခွန်းက ခေါင်းလေးငုံ့လျှက်

"ခွန်းက ကားမှ မမောင်းတတ်တာ။"

"ကိုယ်မနက်စာအပြင်မှာ စားဖို့ထွက်လာရင်း ခွန်းနဲ့ ညီလေးတွေကို ကျောင်းရှေ့မှာတွေ့တာ။ ကိုယ်နဲ့မနက်စာလိုက်စားပါလား။"

အငှားကိုယ်ဝန်// အငွားကိုယ္ဝန္//(Completed)Where stories live. Discover now