Part-9

1.7K 144 4
                                    

မာန့်ပုံစံကိုကြည့်ရတာ အချစ်ရေးမှာအတွေ့ကြုံမရှိဖူးသေးသည့် အသက် ၃၀ ကျော်လူကြီး။ ရှက်လည်းရှက်တတ်ပြီး ရတီအထာပေးနေတာကိုတောင် မရိပ်မိတဲ့လူကြီး။ သူနှင့်လည်း တစ်အိမ်တည်း တစ်ခါတစ်လေ တစ်ခန်းတည်းနေတာတောင် လူကိုအသားမယူတတ်တဲ့လူကြီး။ ဒါဆို dr ရတီပြောသလို ခွန်းရဲ့ ဖယ်ရိုမုန်းကြောင့်များ မာန်က စိတ်မထိန်းနိုင်ပဲ မဖြစ်သင့်တာတြွေဖစ်ခဲ့ရတာလား။ တရားခံက ခွန်းကိုယ်တိုင်လား။ တစ်ယောက်ယောက်ပြောဖူးတာခွန်းသတိရသွား သည်။ မင်းဆီကအနံ့အရမ်းပြင်းတယ်။ ဘာရေမွှေးသုံးတာလဲ မူးတောင်မူးလာပြီတဲ့။

ခွန်း မာန့်အခန်းထဲသို့အသံပေးပြီးဝင်တော့ မာန်က

"ဘာကိစ္စရှိလို့လဲ။"

"ဘာလုပ်နေတာလဲ။"

"လက်မှတ်ထိုးနေတာ။"

သူလက်မှတ်ထိုးနေသည့် စာရွက်အပုံကိုကြည့်ပြီး ခွန်းမသိမသာနှာခေါင်းရှုံ့လိုက်သည်။

"အဲ့တာဘယ်တော့ပြီးမှာလဲ။"

မာန်ကပြုံးလျှက်

"ပြီးသလောက်ပေါ့။ မနက်ဖြန်သားသားမွေးနေ့ဆိုတော့ ဒီနေ့တတ်နိုင်သမျှ အပြီးသတ်ရမယ်။"

မာန်က အလုပ်ဆက်လုပ်နေတော့ ခွန်းခုံလေးမှာကျုံ့ကျုံ့ထိုင်နေလိုက်သည်။ သူ့ဖယ်ရိုမုန်းတွေ မပျံ့အောင် ဂုတ်မှာရှိသည့် ဂလင်းအိတ်ကို တိတ်ဖြင့်သေချာလေးကပ်ပြီး ဟော်မုန်းတာဆေးလည်းသောက်ခဲ့သည်။ သူမြူစွယ်လို့ မာန်ကမပါလာလျှင် သူ့ဖယ်ရိုမုန်းပြသနာကြောင့် မာန်သူ့အပေါ်ကျူးလွန်မိတာဖြစ်သည်။

ဒါသူမာန့်ကိုခွင့်လွှတ်ချင်လို့ အကြောင်းပြချက်ကိုသေချာလေးရှာတာဖြစ်၏။

"ကိုကို.."

"အင်း...."

"ကျွန်တော် ကြည့်လို့ရမလား။"

မာန်က သူ့ကိုတစ်ချက်လှည့်ကြည့်ပြီး။

"ပြသနာမရှိပါဘူး။"

ခွန်းက မာန့်အနားကိုသွားတော့ မာန်က ဘေးကခုံကိုလှမ်းယူပေးစဉ် ခွန်းက သူ့ပေါင်ပေါ်တတ်ထိုင်လိုက်သည်။

အငှားကိုယ်ဝန်// အငွားကိုယ္ဝန္//(Completed)Where stories live. Discover now