Introduction

7 1 0
                                    

U

ရှန်ကျားနန် သေဆုံးသွားပြီးတဲ့နောက် သူသည် “ငယ်သူငယ်ချင်းတွေက  ကောင်းကင်ကိုမကျော်လွှားနိုင်ဘူး” ဆိုတဲ့ဝတ္ထုကိုဝင်ရောက်လာခဲ့ပြီး အနှေးနဲ့အမြန်သေမှာဖြစ်တဲ့ မျိုးရိုးနာမည်တူပြီး နာမည်တူတဲ့အမြောက်စာငယ်သူငယ်ချင်းတစ်ယောက်ဖြစ်လာခဲ့သည်။

သူဝင်ရောက်လာတဲ့နေ့တွင် အမြောက်စာလေးသည် အားနည်းဖျော့တော့စွာမြေပြင်ပေါ်တွင်ဆောင့်ကြောင့်ထိုင်လျက်သားဖြစ်နေခဲ့သည်။ရှန်ကျားနန် သူ့မျက်လုံးတွေကိုဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ သူ့စီကိုပျံသန်းလာနေသည့်ဘောလုံးတစ်လုံးအား မြင်လိုက်ရပြီး သူသည် သူ့မျက်လုံးတွေကိုမသိစိတ်အရပိတ်လိုက်မိသည်။

သူ ထပ်၍သူ့မျက်လုံးတွေကိုဖွင့်လိုက်တဲ့အချိန်တွင် သစ်ပင်ရဲ့အက်ကြောင်းရာတွေမှ အရိပ်နဲ့အလင်းရောင်အောက်တွင် ချောမောပြီးအေးတိအေးစက်ကောင်ငယ်လေးတစ်ယောက်သည် သူ့နောက်ကျောဖြင့် သူ့အတွက်ဘောလုံးကို ပိတ်ကာထားပေးခဲ့သည်။

အဲ့ထဲက ကျန်းချီသည် သူ့ဘော်ဒီဂတ်အဖြစ်သတိရှိရှိ တာဝန်ထမ်းဆောင်နေခဲ့သည်။ သူတို့က အတူတူကြီးပြင်းလာခဲ့ကြရင်း ငယ်သူငယ်ချင်းတွေနှင့်နီးကပ်တဲ့ပါတနာတွေဖြစ်လာကြသည်။

MTL 'rs note: ငါသုတေသနပြုခဲ့တယ်။ bamboo horseက ငယ်သူငယ်ချင်းတွေလို့အဓိပ္ပာယ်ရတယ်။ ( အချစ်ဉီး ဒါမှမဟုတ် ထာဝရသဏ္ဌာန်ဆောင်ပွင့်လန်းနေတဲ့အပြစ်ကင်းစင်တဲ့ခံစားချက်တွေ )

*

သူစာအုပ်တစ်အုပ်ကိုဝင်ရောက်ခဲ့တဲ့အခါ ရှန်ကျားနန်သည် ဒီအခွင့်အရေးကို မြတ်နိုးတန်ဖိုးထားခဲ့ပြီး ကောင်းကောင်းအားပြန်ဖြည့်ကာ ကောင်းမွန်တဲ့ဘဝတစ်ခုမှာနေထိုင်ရန်ဆုံးဖြတ်ခဲ့သည်။ သူ့ငယ်သူငယ်ချင်းကျန်းချီသည် သူ့ကိုပို‌ပြီးတောင်မှဂရုစိုက်သေးသည်။ သူသည် ပြုတ်ကျမည်ကို‌ကြောက်လန့်တာအတွက်သူ့လက်ထဲတွင်သူ့ကိုဆုပ်ကိုင်ထားပြီး သူ့ပါးစပ်ထဲတွင်သူအရည်ပျော်သွားမည်ကိုစိုးရိမ်နေခဲ့သည်ပင်။

ထိုနှစ်ယောက်သည် ကလေးထဲကမခွဲထုတ်နိုင်လုနီးနီးဖြစ်နေခဲ့သည်။ အတန်းဖော်တွေနဲ့သူငယ်ချင်းတွေအားလုံးက သူတို့ကအတွဲတွေလို့ဟာသလုပ်ကြလိမ့်ပေမယ့် အချိန်ကြာကြာထဲက လူတိုင်းက ကျန်းချီသည် အဖြောင့်တစ်ယောက်ဆိုတာသိနေကြသည်။

အလှလေးနှင့်သူ့ကိုယ်ရေးကိုယ်တာဘော်ဒီဂတ်Where stories live. Discover now