25-သတင်းအချက်အလက် ဖလှယ်ကြခြင်း-

157 38 7
                                    

ဟယ်ဝေးက ဆိုဖာခုံ၏ လက်တင်တဲ့နေရာအနီးမှာ ကပ်ထိုင်၍ သူ့နဖူးသူ လပ်မ လက်ညိုး ဖိထောက်ထားပြီး အလုပ်ရှုပ်နေခဲ့လေသည်။

သူ့အတွက် အေးဆေးသက်သာ နား၍ စာအုပ်တစ်အုပ် ထိုင်ဖတ်ချိန်ရသည့် ညနေခင်းမျိုးဆိုတာ ကြုံတောင့်ကြုံခဲပါဘိ။

သူက ခြေ‌ထောက်ကို ချိတ်ထိုင်ထားရင်း သူ့မျက်စိရှေ့တွင်တော့ “Forensic Toxicology” စာအုပ်က ရှိနေခဲ့လေသည်။

ဤစာအုပ်အား တုရွမ့်လန်က အရင်လကပဲ အဆိပ်ခတ်သတ်သည့်အမှုတစ်ခုအပြီးမှာ သူ့ထံ ငှားပေးလာခဲ့တာ ဖြစ်၏။
အရင်က အချိန်သိပ်မရ၍ တစ်ရွက်နှစ်ရွက်လောက်သာ ဖွင့်ဖတ်ကြည့်ထားဖူးသည်မို့ စာအုပ်၏ သုံးပုံတစ်ပုံစာလောက်တောင် ဖတ်မပြီးသေးချေ။

ရေစက်လက်ဖြင့် ခြေရာများက ထိုင်နေသည့် ဆိုဖာနားသို့ ချဉ်းကပ်လာခဲ့သည်။ ဟယ်ဝေးလည်း ခြေရာကို တစ်ချက်သာ ကြည့်ပြီးနောက် သတ်မှတ်ချက်တစ်ခု ထားထားလိုက်ဖို့ ဆုံးဖြတ်လိုက်တော့၏။

•ရေချိုးပြီးသည်နှင့် ရေချိုးခန်းက ထွက်ထွက်ချင်းမှာ ခြေထောက်တွေကို ပြောင်စင်အောင် သုတ်ရမည်။
ဧည့်ခန်းအတွင်းကို ရေ တစ်စက်မှ ကျခွင့်မရှိ
ဟူ၍။

ထို့အပြင် သူ့ရဲ့ ရေချိုးဆပ်ပြာဂျယ် ပျောက်သွားခဲ့တာလည်း ရက်အတော်ကြာနေခဲ့လေပြီ။ ကျိန်းသေပေါက် ချန်ဇယ်ရှန်းဆိုတဲ့ကောင် ခွင့်ပြုချက်မရှိဘဲ ယူသွားတာပဲ ဖြစ်ရမည်။

ဟယ်ဝေးအနေနဲ့ ထိုဆပ်ပြာဂျယ်၏ မွှေးလွန်း ပြင်းလွန်းသော အနံ့ကို မကြိုက်ပါသော်လည်း သူ့အမေက လက်ဆောင်အဖြစ် ပေးထားခြင်းကြောင့် ဒီအထိ ယူသယ်လာခဲ့ခြင်းပင်။

ချန်ဇယ်ရှန်းက စွတ်ကျယ်တစ်ထည်ကို ၀တ်ဆင်၍ သူ့လည်ပင်းတစ်ဝိုက်မှာ သုတ်သည့်တဘက်ကို ပတ်ထားခဲ့လေသည်။ သူနှင့်တစ်ခန်းတည်းမှာ ဟယ်ဝေးရှိနေသည် ဆိုတာကို ရိပ်မိပေမယ့် ဘယ်နေရာမှာ ဘယ်လို ရှိနေလဲဆိုတာကိုတော့ မှန်းဆမကြည့်တတ်ချေ။

အချိန်ကလည်း အတော်လေး လင့်လာနေသည့်အပြင် နှစ်ယောက်စလုံးလည်း သူ့ကိစ္စ ကိုယ့်ကိစ္စဖြင့် ရှုပ်ယှက်ခတ်နေခဲ့ကြရ၏။
ဟယ်ဝေး ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ပြီး ရောက်နှင့်နေတဲ့စာရွက်ကြားမှာ bookmark လေး ချိတ်ထားလိုက်ပေသည်။

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now