"ခွန်း ဘာဖြစ်တာလဲ။"
ခွန်းက ဘာမှမပြောပဲ ငိုယိုညီးတွားနေတော့ ဓနမာန်ဟာ ဆရာဝန်ကိုချက်ချင်းပဲအော်ခေါ်လိုက်သည်။ ဆရာဝန်လည်း ကပြာကယာရောက်လာပြီး အမြန်ပဲစမ်းသပ်မှုပြုလေ၏။
"အကြီးကဲရဲ့ ကလေးကအရမ်းကိုထွားလွန်းလို့ မခံနိုင်ဖြစ်နေတာပါ။"
"အဲ့တာဆိုဘယ်လိုလုပ်မလဲ။"
"သူက မိခင်ထက်အားအရမ်းသန်နေလို့မခံနိုင်ဖြစ်နေတာပါ။ မိခင်ကိုခံနိုင်ရည်ရှိအောင် ကျွေးမွေးကုသတာပဲလုပ်လို့ရမယ်။ ပြီးတော့အဖေဖြစ်သူရဲ့ ဖယ်ရိုမုန်းနဲ့ကလေးကိုချော့ကြည့်ပါလား။ ကလေးကအရမ်းကိုအလိုမကျဖြစ်နေတယ်။"
doctor ကထိုသို့ပြောသည်နှင့် ဓနမာန်က ခွန်း၏ဘေးမှာဝင်လှဲလိုက်သည်။ ခွန်းရဲ့ ဗိုက်ကိုထိတော့ခွန်းကအထိမခံပဲ လှည့်သွားရာ
"မသေချင်ရင် ငြိမ်ငြိမ်နေ။"
ဓနမာန်က သူ့လက်ကိုဖျစ်ပြီး သတိပေးလိုက်တော့ ခွန်းလည်း ငြိမ်သွားလေ၏။ ပြီးနောက် အံ့ဩစွာပဲ သူ့ပွတ်လိုက်တာနဲ့ ကလေးကငြိမ်သက်သွားကာ သူ့ဖယ်ရိုမုန်းတွေကြောင့် ခွန်းလည်းနေသာထိုင်သာရှိသွားလေသည်။ ဒါကိုကြည့်ပြီး doctor ကပြုံးကာ
"ကလေးက ကလေးအဖေကို အသိမှတ်ပြုတယ်။ DNA စစ်စရာတောင်မလိုဘူး။"
doctor ရဲ့အပြော ကြောင့် ဓနမာန်က မသိမသာလေးပြုံးမိသွားသည်။
"မထင်ရဘူး။ တစ်ညထဲနဲ့ဒီကောင်ရောက်လာမယ်ဆိုတာ။"
"ဒါမျိုးရိုးမြင့် Alpha တွေရဲ့အားသာချက်ပဲပေါ့ အကြီးကဲရဲ့..."
"ဟား ဟား ဟား"
ခွန်း သူတို့နှစ်ယောက်ရဲ့ ဂုဏ်ယူဝံ့ကြွားသဘောကျ နေတဲ့ အသံကိုနားထောင်ပြီး မသိမသာနှာခေါင်းရှုံ့လိုက်သည်။
*တစ်ညထဲ။ တစ်ညထဲဘယ်နှစ်ကြိမ်တောင်မို့ ဒီကောင်ကဗိုက်ထဲ ချက်ချင်းဝင်လာတာလဲ။ ဟွန်း...*
"ဒက် ဒက် ဒက် ဒက်"
သူတို့စကားပြောနေရင်း ခြံထဲကို ရဟက်ယာဉ်တစ်စီး ဝင်လာသည့်အသံကြားတော့ ဓနမာန် သက်ပြင်းချကာ ကျစ်သပ်လိုက်သည်။