24-အချောင်ကပ် စားနေရတာကိုများ ပျော်မွေ့နေတာလား?-

178 37 6
                                    

"ဒုခေါင်းဆောင်ချန် ဒီမှာ ဆေးစစ်ချက် ရလဒ် အစီရင်ခံစာပါ... ခင်ဗျားရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကော စိတ်ခံစားချက်အခြေအနေတွေရော အကုန်လုံး ကျန်းမာပြီးတော့ ဘာပြဿနာမှ မရှိပါဘူး"

"အဲ့လိုဆိုရင် ကျွန်တော် စိတ်ကစဉ့်ကလျား ရောဂါဖြစ်ပြီးတော့ တစ်ယောက်ယောက်က ကျွန်တော့်ကို စကား လာပြောနေတယ်ဆိုပြီး စိတ်ကူးယဉ်မိတာမျိုး မဟုတ်ဘူးပေါ့"

ချန်ဇယ်ရှန်းလည်း ခေါက်လျက်ရှိနေသည့် ဖိုင်တွဲကို ဖတ်ကြည့်လိုက်သည့်အခါ ဖိုင်ထဲမှာပါသည့် ဇယားတွေ လိုင်းအကောက်အကွေးတွေကို နားမလည်သော်ငြား ၎င်းတို့ ပြထားသည့် အဆင့်သတ်မှတ်ချက်တွင် မိမိိ၏ အခြေအနေက သာမန် အဆင့်တွင်းတွင်သာ ရှိနေသည့်အချက်ကိုတော့ သူ သေချာပေါက် သတိထားမိလိုက်သည်။

အတိုင်ပင်ခံဆရာ ဟုန်က ခေါင်းညိတ်ပြလာပြီးနောက် သာမန်အဆင့် စိတ်ကျန်းမာရေးအခြေအနေတွင် လူတစ်ယောက်၌ ထင်ယောင်ထင်မှား ဖြစ်ခြင်းမျိုး မရှိနိုင်ဟု ရှင်းပြပေးလာခဲ့သည်။ ထင်ယောင်ထင်မှား ဖြစ်ခြင်းနှင့် စိတ်ကယောင်ခြောက်ခြား ဖြစ်ခြင်းတို့မှာ ဦးနှောက်အတွင်း၌ သဘာဝအလျောက်ဖြစ်စေ စိတ်ကျန်းမာရေး ချို့ယွင်းခြင်းကြောင့် ဖြစ်စေ ထိုကဲ့သို့ အချိန်မျိုးမှာမှ ပေါ်ပေါက်လာနိုင်သည့် ရောဂါလက္ခဏာများ ဖြစ်ကြလေသည်။

ချန်ဇယ်ရှန်းမှာ မိမိ၏ စိတ်ကျန်းမာရေးက အမြဲတစေ ကောင်းမွန်နေသည်ဟု ထင်မှတ်ထားခဲ့သူ ဖြစ်ပြီး ဟယ်ဝေး၏ ဖြစ်တည်မှုက သူ့စိတ်ကူး အတွေးတွေထဲ ရောက်ရှိလာလိမ့်မည်ဟု စိတ်ကူးနဲ့တောင် တွေးမကြည့်ထားဖူးပါပေ....

အတွင်းကျကျ စုံစမ်းစစ်ဆေးရေးများတွင် ဖြစ်နိုင်ချေအားလုံးကို ဖယ်ထုတ်ထားဖို့ လိုအပ်ပေသည်။ ထို့ကြောင့် သူ စိတ်ရောဂါကု ဆရာဝန်တစ်ယောက်နှင့်ပါ ရက်ချိန်းယူ၍ မိမိ၏ စိတ်ရောကိုယ်ပါ ကျန်းမာမှုကို စစ်ဆေးကြည့်ခဲ့ခြင်း ဖြစ်လေသည်။

သူ့အနေဖြင့် အိမ်မှာ ကြုံတွေ့ရသည့် သဘာဝလွန်ဖြစ်ရပ်များနှင့် ဟယ်ဝေးပေါ်ချလာမှုတို့မှာ အစစ်မှန်ဖြစ်ကြောင်းနှင့် လက်ဆုပ်လက်ကိုင်ပြလို့ ရနိုင်သည်များ ဖြစ်နေတာ သေချာစေချင်သည်။

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now