Part - 1

3.2K 179 6
                                    

ထရံကာ ဓနိမိုး ဆယ်ပေပတ်လည်အိမ်လေးထဲက မိသားစု ၆ ယောက်ဟာ ငြိမ်သက်တိတ်ဆိတ်နေကြသည်။ ထိုအထဲမှ အကြီးဆုံးသားဖြစ်သူခွန်းရတုကခေါင်းငုံ့နေရာမှ အဖေ၊အမေနဲ့ ညီလေးညီမလေးတွေကို စိတ်မကောင်းစွာကြည့်လာ၏။ ထိုစဉ်မှာပဲ ၁၅ နှစ်အရွယ်ညီမဖြစ်သူ နှင်းရတုအပျိုပေါက်မလေးက

"ကိုကြီးကို အဲ့လိုမလုပ်စေချင်ဘူး။"

မိဘတွေကတော့ မျက်ရည်ကျရုံကလွဲပြီး တိတ်ဆိတ်နေကြသည်။ ခွန်းရတုက Omega ဖြစ်ပြီးထိရက်စရာပင်မရှိတဲ့ အသားရေမျိုးပိုင်ဆိုင်ထားပြီး ရွာထဲကယောက်ျားသားတွေ သွားရေကျငမ်းငမ်းတတ်လိုချင်သူ တစ်ပုံကြီးပင်။

နှင်းရတုက မိန်းကလေးပေမယ့် Alpha မျိုးစိတ်ဖြစ်ပြီး ဒေါင်းတိမောင်းတိ အစ်ကိုဖြစ်သူကိုပြန်ကာကွယ်ပေးရသူဖြစ်သည်။ အငယ်ဆုံး၅ နှစ်အရွယ် beta ကောင်လေးနှစ်ယောက်ဖြစ်တဲ့ ရှားရတုနှင့် ရှင်းရတုကတော့ ဘာကိုမှ မသိရှာပဲမျက်လုံးလေး ကလယ်ကလယ်ဖြင့်သာ။

"ကိုကြီး လုပ်နိုင်ပါတယ်နှင်းရယ်။ အနည်းဆုံးကိုယ်ဝန်ဆောင်ကာလက တစ်နှစ်တည်းပါ။ ကိုကြီးမိသားစု ဒုက္ခ‌ဆင်းရဲရောက်နေတာ ကိုကြီးမမြင်ရက်တော့ဘူး။ ဒါကိုကြီးအတွက်အခွင့်ရေးပဲ လက်လွှတ်လို့မဖြစ်ဘူး။"

"ဒါပေမယ့် သမီးအစ်ကိုက ....."

နှင်းရတုက ပြောရင်းအသံတိမ်ဝင်သွားသည်။

"ကိုကြီးရဲ့ အသားလေးကိုထိမှာတောင် မလိုလားလို့ အာကြမ်းရှာကြမ်းနဲ့ အရိုင်းစိုင်းမကြီးလုပ်နေခဲ့တာ။ ခုဘယ်လိုလုပ် ကိုယ်ဝန်ပါဆောင်ရမယ်ဆိုတော့..."

ညီမဖြစ်သူကငိုယိုပေါက်ကွဲတော့ သူ့အစ်ကိုက ထလာပြီးပွေ့ဖက်လိုက်သည်။

"နှင်း ကိုကြီးပြောတာနားထောင် ဖန်ပြွန်သ‌နြေ္နဆိုတာလေ ကိုကြီးကိုဆရာဝန်တွေကစနစ်တကျနဲ့ ကလေးလေးကိုဗိုက်ထဲထည့်ပေးမှာ။ ပြီးလို့ လရင့်ရင်လည်း ကိုကြီးကိုမေ့ဆေးပေးပြီးခွဲထုတ်မှာ။ ကိုကြီးက ဗိုက်ထဲက ကလေးလေးကိုစောင့်ရှောက်ရုံပဲ။"

သူချော့ပြောတော့ နှင်းရတုက မျက်လုံးတောက်တောက်လေးတွေနှင့် မော့ကြည့်လာသည်။

အငှားကိုယ်ဝန်// အငွားကိုယ္ဝန္//(Completed)Where stories live. Discover now