23.2

177 35 13
                                    

“ထိုင်ပါဦး”
ဟယ်ဝေးလည်း ညီ ဖြစ်သူကို ခဏထိုင်ခိုင်းထားလိုက်ပြီး ကိုယ်တိုင်ကမူ မီးဖိုခန်းထဲသို့ ဝင်သွားလိုက်၍ ရေတစ်ခွက် ခပ်ယူလာခဲ့လိုက်သည်။

“ငါ ဒီမှာ နေနေမှန်း မင်း ဘယ်လိုလို့ သိတာလဲ”

ဟယ်လုက ပုခုံးတွန့်ပြလာခဲ့သည်။ ဘယ်လိုသိသွားလဲ ဆိုတာကတော့ ရှင်းပါ၏။ အမေ့ဆီကို ဖုန်းဆက်ခေါ်ကြည့်ပြီး အမေကမှ တစ်ဆင့် အကြီးအကဲဟွမ်ဆီကို ဖုန်းဆက်ခေါ်ပြီး လိပ်စာ သိလာခဲ့ရသည်လေ။ ဟယ်လုက တိုက်ခန်းပတ်ပတ်လည်ကို အကဲခတ်ကြည့်နေပြီး အတော်လေး စိတ်တိုင်းကျနေဟန်ပေါ်၏၊

“နေရာက ကောင်းသားပဲ အရင်အဆောင်ခန်းထက်စာရင် အများကြီးလည်း ကျယ်သွားတယ်”

ဟယ်ဝေးလည်း ရယ်သွမ်းသွေးမိသွားခဲ့သည်။
“မင်းကများ ဒီလို အခန််းကို ကောင်းသားပဲ ပြောရတယ်ရှိသေး…. နေ့တိုင်းနေ့တိုင်း ဇိမ်ခံ အိမ်လိုနေရာမျိုးမှာ နေနေတဲ့ကောင်ကများ”

ဟယ်လုကတော့ တုံးတိပဲ ပြန်ဖြေပေးလာခဲ့သည်။
“ဒါကတော့ အစ်ကို့ဖက်က အိမ်ပြန်ဖို့ကို ခေါင်းမာနေလို့လေ…အမေကဆို အမြဲတမ်း ငြီးညူနေတော့တာပဲ ကျွန်တော့်ဆီ လာလာပြီး ဘာတွေပြောနေလဲဆို ဒီလို အိမ်ကြီးထဲမှာ နေ့တိုင်းနေ့တိုင်းသူ တစ်ယောက်တည်းပဲ နေနေရတဲ့အပြင် ညကြီးညခါဆို အိပ်နေရင်းကနေ လူက ပူပန်ပြီးတော့ လန့်လန့်နိုးလာနေရတယ်တဲ့လေ”

ညီအစ်ကိုနှစ်ယောက်သားမှာ အပြုံးချင်း ဖလှယ်မိလိုက်ကြ၍ ပတ်ဝန်းကျင်လေထုအနေအထားမှာ သက်‌တောင့်သက်သာ ရှိနေခဲ့လေသည်။ ဟယ်ဝေးလည်း မိမိ၏ ရေနွေးကြမ်းခွက်ကို ပြန်ဖြည့်လိုက်ပြီးနောက် လိုရင်းကို ပြောလိုက်၏။
“ဒီနေ့ လာရင်း အကြောင်းလေးလည်း ပြောပါဦး”

“ဘာကြောင့်ရယ်လို့ မရှိပါဘူး နှစ်သစ်ကူး ပြီးကတည်းက မတွေ့ရသေးဘူးလားလို့ တွေးမိသွားလို့လေ ဒီတိုင်း လမ်းကြုံတုန်း ဘယ်လိုများနေနေလဲ ဝင်စစ်ကြည့်တာ”

“အမှန်တိုင်းပြောရမယ်ဆိုရင်တော့….”

ဟယ်လုက သူ့နှာခေါင်းသူ ပွတ်နေကာ ခေါင်းငုံ့ထားပုံကြောင့် တစ်ခုခုကို ထုတ်ပြောဖို့ ကြိုးပမ်းနေရပုံပေါ်နေခဲ့သည်။
“အစ်ကို….ဇွန်လလယ်လောက်ကျရင် မိုးသောက်ကြယ်မိုးရွာချမယ့် သတင်း ကြေညာထားတယ်..အဲ့ကျရင် ကြယ်တွေကြွေမယ့်အပြင် ညပိုင်းက အလင်းရောင် အထွန်းလင်းဆုံး ကာလအထွတ်အထိပ် ရောက်ဖို့လည်း ရှိ….”

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Wo Geschichten leben. Entdecke jetzt