Chapter-19

1.6K 94 0
                                    

Unicode-

"ဆိုတော့...မင်းတို့ကဒီည ဒီမှာအိပ်မှာလား"

အိမ်ထဲရောက်သည်နှင့် ဖျာခင်းပေးကာ
အကြိုးအကြောင်းမေးသောကြောင့်
ပြောပြလိုက်ရသည်။

"ဟုတ်တယ်....ညနက်သွားလို့လေ"

"အေး.....ဘုရားခန်းမှာအိပ်ကြပေါ့ကွာ
မဟုတ်ဘူးလား"

"ပုံပုံ....အဆင်ပြေတယ်မလား၊"

"ပြေပါတယ်"

ထိုနေ့ညစိုင်းဇော်မောင် တို့အိမ်တွင်အိပ်ခဲ့ကြသည်။

အိမ်ရှင်တွေက ဘာမှအများကြီးမမေးတာက မိုင်းဇမင်းရောင်နှင့်သူငယ်ချင်း​တွေဖြစ်လို့နေမည်။

မအိပ်ခင် စိုင်းဇော်မောင်ဆိုသူကမိုင်းဇကို လာခေါ်သေးသည်။

သူတို့ခြံထဲဆင်းပြီး ဘာတွေပြောနေမှန်းမသိပေမယ့်  ပုံပုံအိပ်ချင်နေတာကြောင့်
ဘာမှမတွေးပဲအိပ်လိုက်မိသည်။

________________________________

"မင်းတို့ထကြအုံး....အိမ်ရှေ့မှာပုံရိပ်
အမေရောက်နေတယ်"

စိုင်းဇော်မောင် ၏အသံကြောင့်
ပုံရိပ်ပြူးပြဲကာထလိုက်မိသည်။

အမေကဘယ်လိုလုပ်ရောက်လာတာလဲ၊ တစ်ကယ်ပဲသူက ကလေးကျနေတာ ပျောက်သွားတာနဲ့ ဒီထိလိုက်ခေါ်နေတယ်။

တွေးရင်းသူ အိမ်ရှေ့ပြေးထွက်လိုက်သည်။

အရှေ့တွင် ဒေါ်ရိပ်နှောင်းခိုင်နှင့်လူအနည်းစုပါလာသည်။

~​ဖြောင်း~

"ငါပြောထားရက်နဲ့၊စောက်ရှက်မရှိတဲ့ကောင်"

ဒေါ်ရိပ်နှောင်းခိုင်ကပုံရိပ်ကိုမြင်မြင်ချင်း ပါးရိုက်လိုက်လေသည်။

အိမ်ထဲမှလိုက်ထွက်လာသောမိုင်းဇ
လန့်သွား ကာပုံရိပ်အနားပြေးသွားပြီးနောက်.....

"ဒေါ်ဒေါ်...ကျွန်တော်တို့ ကိုနည်းနည်းလောက်နားလည်ပေးပါဗျာ"

ငိုနေသော ပုံပုံ့အားဖက်ရင်း သူပြောလိုက်သည်။

အမှန်ပင် ပုံရိပ်ကို သူခိုးလာချင်းသာ
ဖြစ်သည်။

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now