Chapter-17

1.6K 113 1
                                    

Unicode-

ဇာတ်ပွဲဒုတိယနေ့ဖြစ်သည်။
အားလုံးကပုံမှန်ပြောဆိုသွားလာနေကြပြီး ဇာတ်ပွဲအချိန်မရောက်သေးသည့်
အတွက် နေရာယူသူကယူမုန့်ထွက်ဝယ်သူကဝယ်ဖြင့်၊

မနေ့ညကသတင်းအား လူအနည်းစုကသိပြီးလာရောက်မေးမြန်းကြသည်။

သို့သော် မဟုတ်ကြောင်း၊ကို အခါခါ
ရှင်းပြလိုက်ရသည်။

မိုင်းဇမင်းရောင်ကပါ သူတို့ကဘာမှမဟုတ်ကြောင်းနှင့် သူသည်ချစ်ရပါသောမိန်းမငယ်လေးတစ်ယောက်ရှိကြောင်းကိုပါ​ပြောလိုက်သဖြင့်၊

ပုံရိပ်နှင့်မိုင်းဇတို့၏သတင်းမှာ ခဏအကြာတွင်ပျောက်သွားလေပြီး၊

မိုင်းဇမင်းရောင်လိုလူ့ကပ်စေးကဘယ်မိန်းမပျိုကိုချစ်တာလဲဆိုသည့်
သတင်းသာပြန့်သွားကြလေသည်။

ပုံရိပ်မှာတော့ အမည်မသိခံစားချက်
ဖြင့်၊ သို့သော် မိုင်းဇမှမမှားပဲ

ဒီဇာတ်လမ်းမှာသူကပဲစလမ်းခွဲခဲ့သည့်သူမို့ မိုင်းဇနှင့်ထိုက်တန်သည့်မိန်းကလေးရှိလာတော့လည်းသူပျော်ရုံသာ...အတ္တကြီးလို့မဖြစ်ဘူး။

"ပွဲစတော့မယ်"

အတွေးတွေကြား ရွာလူကြီး၏အသံကြောင့်ပြန်သတိဝင်လာလေသည်။

မိခင်ကဘာမှမဖြစ်သလိုပုံမှန်အတိုင်းနေရန်ပြောသဖြင့် သူအငြိမ့်ပွဲကိုလဲ
လာကြည့်သည်လေ။

ရောက်ရောက်ချင်းရှာကြည့်တော့
မိုင်းဇမင်းရောင်အားမတွေ့ပေ။

ခေါင်းဆောင်မင်းသမီးအား လူရွှင်တော်များမှ ချစ်စကားတွေ
ဖွဲ့နွဲ့ပြိုင်ဆိုင်နေကြသည်။

စိတ်မပါတပါကြည့်နေရင်း အကြည့်တို့သည် ဇာတ်စင် ဘေးသို့ရောက်သွားလျှင် အလိုလိုမွန်းကျပ်လာလေသည်။

မိုင်းဇမင်းရောင်က ဒုတိယမင်းသမီး
နှင် စကားရပ်ပြောနေချင်း၊

ပြောနေပုံမှာ အလွန်ကြည်နူးပျော်ရွှင်နေကြသောသမီးရည်းစားတွေ နှယ်။

"ဒီလိုသာဆို၊ငါတွေးပူပေးနေတာက
အလကားပဲပေါ့ ကောင်းပါတယ်လေ"

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now