Chapter-15

1.6K 95 1
                                    

Unicode-

ဇာတ်စင်ပေါ်တွင်အငြိမ့်သမက

မေရှင်၏ ပျို့မှာတမ်း ဖြင့် ကွေးနေအောင် ကနေလေသည်။

လပြည့်နေ့ပြဖြစ်တာကြောင့်ထိန်လင်း
နေသည့် လဝန်းဝိုင်းကြီး၏အလင်းမှာ
မြေပြင်ပေါ်ဖြာကျနေပြီ၊

မီးထွန်းစရာမလိုအောင် လင်းထိန်လို့နေသည်။

မင်းသမီးခင်မြမေ ကကွေးနေအောင်က၊နောက်မှလူရွှင်တော်များကလဲ
လက်ခုပ်တီးရင်သီချင်းတွေအော်ဆိုပေး၊ ဇာတ်စင်အောက်ကပရိတ်သတ်တွေကလဲ ပျော်ပျော်ရွှင်ရွှင်ဖြင့်

ပုံရိပ်ကြည့်နေရင်း ပျင်းလာလေသည်။
အားလုံးက နှစ်အတော်ကြာမှ လုပ်ဖြစ်သည့် အငြိမ့်ပွဲကို စိတ်ဝင်တစားကြည့်နေကြပါသောလည်း...ပုံရိပ်ကြည့်ရင်းပျင်းလာလေသည်။

"ခင်ဗျား....အငြိမ့်မင်းသမီးကိုပဲကြည့်နေတော့မှာ......အယ်"

ဘေးတွင် ငြိမ်နေသောလူကြောင့်
အငြိမ့်မင်းသမီးကတာကြည့်ရင်း
ဈာန်ရသွားပြီ အထင်နှင့် လှည့်မေးလိုက်သောလည်း၊
အထင်နှင့်အမြင်လွဲကာ...

ဘေးရှိလူမှာ ထိုင်ရက်ဖြင့်တောင့်
တောင့်ကြီး အိပ်ငိုက်နေလေသည်။

မသိလျှင်တရားထိုင်နေသည့်အလား။

"သူကငါထက်ပိုဆိုးနေတယ်"

ထိုသို့ရေရွတ်မိသောလည်း ပြုံးမိပါသည်။ မိမိချစ်သူသည်မိမိမှလွဲ၍
ကျန်သည်ကိုစိတ်မဝင်စားပေဆိုတာကိုပေါ့၊ တစ်စောင်းမြင်နေရသည့်
မိုင်းဇမင်းရောင်သည် ချောမွေ့ကြည်လင်သည့်အသားရည်နှင့်
လရောင်အောက်တွင် ခန့်ညားချောမောလို့နေသည်။

ပုဆိုးကွက်စိပ်နှင့်ရှပ်အင်္ကျီအဖြူရောင်အားတွဲဝတ်လာပုံမှာ အလွန်ကို
ချောမောလွန်းသည်။

ပုံရိပ်ကြည့်နေရင်းမှ မျက်စိရှေ့ကလူကြီးသည် မျက်လုံးပွင့်လာလေသည်။

ထိုနောက် သူ့ဘက်သို့လှည့်ကြည့်လာကာ....

"ပုံပုံ...ကိုယ်အိပ်ချင်နေပြီ"

"ကျွန်တော်ရောပဲ....ပွဲကကြာအုံးမှ
မနက်နေထွက်မှပြီးမဲ့ပုံ"

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now