19-ရှိနေတယ်လို့ ယုံကြည်လိုက်တာ ပိုကောင်းတယ်-

162 43 4
                                    

“ခေါင်းဆောင် ဟယ်
ဒီလောက်နဲ့ အဆင်ပြေမယ်လို့ ထင်လား?”

မှုခင်းသိပ္ပံအဖွဲ့မှ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကွန်ပျူတာမျက်နှာပြင်တစ်ခုကို ဟယ်ဝေးထံ လှည့်ပြရင်း မေးလာခဲ့သည်။

“ဧည့်ခန်း၊ မီးဖိုချောင်၊ အိပ်ခန်းတွေ ၊ လှေကားထစ် ရှိသမျှနေရာအကုန်လုံးမှာ ဒီစောင့်ကြည့်ကင်မရာတွေ တပ်ပေးထားပြီးပြီ သေချာ ဂရုတစိုက်မကြည့်ဘူးဆိုရင် တပ်ထားမှန်းမသိသာဘူး ပြီးတော့ ဗီဒီယိုရိုက်ကူးရေးကို ခုနစ်ရက်စာ သိမ်းထားလို့ရအောင် ချိန်ထားပေးတယ် အဆင်ပြေလောက်တယ်မလား?”

ဟယ်ဝေး ခေါင်းညိတ်လိုက်သည်။ ခုနစ်ရက်ဆိုသည့် အချိန်က ဒီ သရဲလိုလို ဟန်ဆောင်ပြီး သူ့အား လှည့်ကွက်တွေလာကစားနေသူကို ဖော်နိုင်ရန် လုံလောက်ပေသည်။ သူ လုပ်ဖော်ကိုင်ဖက်၏ ပုခုံးအား ပုတ်လိုက်ပြီးနောက် ပြောလိုက်၏။

“ကျေးဇူး မင်းတို့အဖွဲ့ခေါင်းဆောင် နျဲ့ကိုလည်း အခုလို ပူးပေါင်းပေးလို့ ကျေး‌ဇူးတင်တဲ့အကြောင်း ပြောပေးဦး…ကင်မရာတွေကို သေချာလေး သုံးပြီးတဲ့အခါကျ သိပ်မကြာခင်အချိန်အတွင်း ပြန်အပ်ပါ့မယ်လို့ သိပ်အကြာကြီး မယူထားပါဘူးလို့”

“လာနောက်နေပါပြီ ခေါင်းဆောင်ဟယ်ကလည်း
ရာဇ၀တ်မှုခင်းစုံစမ်းရေးအဖွဲ့က ဒီမှုခင်းသိပ္ပံအဖွဲ့လေးဆိကနေ အကူညီလိုတာ သေချာပေါက် ၀မ်းမြောက်၀မ်းသာနဲ့ ကူညီပေးရမှာပေါ့ ခေါင်းဆောင်နျဲ့က ကျွန်တော်တို့ကို ညွှန်ကြားထားတာ ခေါင်းဆောင်ဟယ်ကို ကူညီပေးဖို့က အရေးကြီးဆုံးပဲတဲ့”

လုပ်ဖော်ကိုင်ဖက် ပြန်သွားသည့်နောက်မှာ ဟယ်ဝေးက အဆောက်အအုံတစ်ခုလုံးကိုလည်း လှည့်ပတ်ကြည့်ရှုပြီး စောင့်ကြည့်ကင်မရာအသေးစားလေးတွေ တပ်ထားသည့် အခန်းထောင့်နေရာတိုင်းကိုလည်း စစ်ကြည့်မိသည်။

သူ့အနေဖြင့် ထို အစားအသောက်သူခိုးခမျာ ဤကင်မရာတွေကို ရှာတွေ့နိုင်လောက်မည့် အချိန်ပင် မရှိဟု ယူဆထားမိသည်။ ကင်မရာမှာ တရားခံပုံကို ဖမ်းယူမိတာနဲ့ သူ့ဖက်က ထိုသူကို ကိုင်တွယ်နိုင်ပြီဟု တမုတ်ချ ယုံကြည်ထားသည်။

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Donde viven las historias. Descúbrelo ahora