Chapter-14

1.8K 108 1
                                    

Unicode-

ယနေ့တွင် အိမ်တိုင်းရှိလူများက
ဘုန်းကြီးကျောင်းသို့ရောက်နေကြလေပြီဖြစ်သည်။

အငြိမ့်အဖွဲ့မှာ ရောက်တော့မည်ဖြစ်၍
ဆောက်ထားပြီးသောဇာတ်စင်အား
အလှစင် နေသူကစင် အငြိမ့်အဖွဲ့များ
နေထိုင်မည့်နေရာအား ပြုပြင်သူကပြုပြင်နှင့် ဟိုသည်ပြေးလွှားအလုပ်ရှုပ်နေကြလေသည်။

နှစ်တွေအကြာကြီးနေမှ ရောက်လာတဲ့
ပွဲလေးဖြစ်တာကြောင့် အားလုံးကလဲ
တက်တက်ကြွကြွဆောင်ရွက်နေကြလေသည်။

ပုံရိပ်၏မိခင်နှင့်တစ်ခြား အမျိုးသမီးများက အလုပ်လုပ်နေကြသော
ရွာသားများကို ကျွေးမွေးရန်
ချက်ပြုတ်ကြော်လှော်နေကြလေသည်။

ဇာတ်စင်ပေါ်တွင် သနပ်ခါးပါးကွက်ကြားနှင့် လက်အစခြေထောက်အဆုံး
သနပ်ခါးများဖုံနေအောင်လူးထားသော
ပုံရိပ်မှာလဲ ဇာတ်အဖွင့်အပိတ်လိုက်ကာကြီးအား လွယ်လွယ်ကူကူဖွင့်ပိတ်နိုင်ရန်အတွက် ယခုထဲကသင်ပြပေးနေလေသည်။

မြို့မှာကျောင်းသွားတက်ဖူးသည့်အတွက် ရွာမှာဆိုလျှင်သူကဆရာကြီးပဲ။

မိုင်းဇမှာတော့ ပုဆိုးတိုတိုဝတ်ကာ
ဇာတ်စင်အနောက်ဘက်ရှိ ဇာတ်အဖွဲ့မှလူများနေရန် ပြုလုပ်ထားသော
အဆောင်ထဲတွင် အလုပ်ရှုပ်နေလေသည်။

မိုင်းဇမင်းရောင်က အရင်ထဲကစိတ်မရှည်တက်သည့်သူမို့ သူကိုယ်တိုင်ကပဲ
ဟိုဟာလုပ်၊ဒီဟာလုပ်ဟု ပြောနေသောလည်း ကျန်ရွာသားများမလုပ်ခင်သူကအရင်ဦးအောင် ထလုပ်တဲ့သူမို့
ပူပြင်းလှသောနေရောင်ခြည်ကြောင့်
ချွေးများကရေလောင်းချထားသည့်အလား ထွက်နေလေသည်။

"ကိုမိုင်းဇ....အကို့ကို ညီလေးပုံရိပ်ကခေါ်နေတယ် ရွာထဲဘာသွားပြန်ယူရမယ်ဆိုလားပဲ အဲ့တာသူနဲ့အတူတူလိုက်ခဲ့ပါတဲ့"

"အေအေ..ဟုတ်ပြီ၊ ငါသွားအုံးမယ်
ကြမ်းပြင်ကို အပေါက်ကျဲတွေမရှိအောင်စေ့ထား ဟုတ်သလား၊
အငြိမ့်သမတွေနေတဲ့အခါ လုံခြုံအောင်လို့"

"စိတ်ချပါ အကိုမိုင်းဇရာ၊သွားမှာဖြင့်သွား"

"အေအေ"

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now