Chapter-13

1.8K 105 0
                                    

Unicode-

"ကိုမိုင်းဇမင်းရောင်...ခင်ဗျားက အလုပ်လုပ်မစားတော့တာလား
ဆိုင်ကို ပစ်ပြီကျုပ်ဆီပဲလာနေတာ
ခင်ဗျား ရွာဦးစေတီရှေ့မှာစတီးခွက်တစ်လုံး ချပြီး ထိုင်တောင်းချင်နေတာလား အလုပ်ကမလုပ်တော့ဘူးလား"

ပြောချင်လဲပြောစရာပေ၊
မိုင်းဇမင်းရောင်တစ်ယောက်ပုံရိပ်ချည်နှောင်နဲ့ ချစ်သူဖြစ်ပြီးထဲက
ပုံရိပ်တို့အိမ်ကိုသာ တစ်နေ့၃ခေါက်လောက် ပုံမှန်လာနေသည်လေ။

သူ့အိမ်မှာကသူတစ်ယောက်ထဲ
ဒါကိုဆိုင်ကြီးထားခဲ့ပြီး ပုံရိပ်တို့အိမ်ကိုလာတယ်ဆိုသည်မှာနည်းနည်းတော်
ဆူပူချင်သေးသည်။

အပြောခံလိုက်ရသောကြောင့်
မျက်နှာငယ်လေးနှင့်မိုင်းဇမှာ
ပုံရိပ်အား သနားကမားရုပ်ကလေးဖြင့်ကြည့်ရင်း.....

"ပုံပုံရယ်ကိုယ်ကပုံပုံကိုလွမ်းလို့လာတာလေ"

တွေ့လားပြောလိုက်ရင်သူပဲ သနားစရာ
သူပဲခံနေရတဲ့မျက်နှာထားနဲ့လူ။

"ဒီလိုဆိုလဲ ခင်ဗျားဆိုင်ကြီးကိုကျုပ်ခြံထဲပြောင်းလိုက်ပါလား"

"အဲ့လိုလုပ်လို့ရလား၊ဟုတ်တယ်နော်
ကိုယ်လဲစဥ်းစားနေတာ...ဒေါ်ဒေါ်တစ်မျိုးထင်မှာဆိုးလို့လေ ပုံပုံ့ခြံထဲ
ဆိုင်လေးဆောက်ပြီး အရင်ဆိုင်ထဲကပစ္စည်းတွေကိုဒိန်းဒေါင်းနဲ့ရွေ့မယ်
ပြီးရင်အရင်ဆိုင်ကိုငှားစားလိုက်မယ်လေ"

ဒေါက်~~

ပြောနေသည့်ပုံမှာ အတည်ပြောနေပုံဖြစ်နေသည်ကြောင့် နားထောင်နေရသော ပုံရိပ်တစ်ယောက်
စိတ်မရှည်စွာခေါင်းကိုတစ်ချက်ခေါက်ချလိုက်လေသည်။

ထိုအခါ မိုင်းဇမှာခေါင်းကိုလက်နှင့်ပွတ်ရင်း ဘာလုပ်လို့လဲ ဆိုသည့်ပုံနှင့်မို့

"မကြီးမငယ်နဲ့ ကျုပ်ကရွဲ့ပြောနေတာ၊
ဆိုင်ရွေ့တယ်ဆိုတာလွယ်တဲ့အလုပ်
များထင်နေတာလား"

"ဘာဖြစ်လို့လဲပုံပုံကလဲ၊သိပ်ခက်တာမှမဟုတ်တာ"

"တော်တော်၊ပေါက်ကရတွေ ထမင်းစားသွားမှာမလား"

"ဘာချက်လဲ"

"သရက်သီးငပိချက်နဲ့လက်ပံပွင့်သုပ်"

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now