14-နစ်နာသူများ ကိုက်ညီမှု ရှိမနေ-

152 29 0
                                    

စံအိမ်ကြီးဆီမှ ပြန်ယူလာသော အထောက်အထားတွေများထဲတွင် ပျောက်ဆုံးနေသည့် အရာတစ်ခု ရှိနေခဲ့လေသည်။ ထိုအရာကား..…. သတင်းအချက် အလက်တွေ ဝန်းရံခြင်းခံထားရသည့် လူ့အဖွဲ့အစည်းမှာ လူတွေအတွက် မရှိမဖြစ်  လိုအပ်သော အရာတစ်ခု…. အတည်အကျ ဆိုရသော်  မိုဘိုင်းလ်ဖုန်းတစ်လုံး ပင်။……..

လုံးဝကြီး ရှာမတွေ့ခဲ့တာမဟုတ်ပေမဲ့ ရှာလို့တွေ့တဲ့အချိန်မှာ ဖုန်းမျက်နှာပြင်က ပျက်စီးနေပြီး ဖွင့်ကြည့်လို့မရ‌ချေ။

ပြုပြင်ရန်အတွက် မှုခင်းသိပ္ပံဌာနမှ အီလက်ထရွန်းနစ်ပစ္စည်းများ ကျွမ်းကျင်သော နည်းပညာရှင်တစ်ဦးထံ လွှဲပြောင်းပေးအပ်ခဲ့လိုက်သည်။

ထို့အတွက်ကြောင့် ညဥ့်နက်သန်းခေါင်ယံအချိန်မျိုးမှာ
မှုခင်းသိပ္ပံဌာန၏ ရုံးခန်းလေးထဲ၌သာ မီးများ ထိန်လင်းနေ၏။

ချန်ဇယ်ရှန်း လည်း တံခါးဘောင်ကို မှီလျက် လက်ချောင်းများဖြင့် တံခါးကို ညင်သာစွာ ခေါက်လိုက်ကာ ပြတ်သားသော အသံတစ်ခု ထွက်လာစေလိုက်သည်။

မီးဖွင့်ထားသည့် စားပွဲခုံ၌ ထိုင်နေသူက မျှော်ကြည့်လာ၍ ချန်ဇယ်ရှန်းကိုတွေ့သောအခါ နှုတ်ဆက်လာလေသည်။

"ချန်ကော……ဒီအချိန်ကြီးကျမှ ဘယ်လိုက‌နေ ဘယ်လို ဒီကို ရောက်ချလာရတာလဲ”

"အမှုစစ်တဲ့နေရာမှာ လိုအပ်တဲ့ ဒေတာတွေ  ပြန်အဖက်ဆယ်နိုင်ဖို့အ‌ရေး မင်းက ငါတို့ကို အချိန်ပိုဆင်းပြီတော့ပါ ကူညီပေးနေတာပဲ မင်းထက်စောပြီး အလုပ်ဆင်းရမှာကို စိတ်ထဲ နေလို့မကောင်းလို့လေ”..

ချန်ဇယ်ရှန်းလည်း ကော်ဖီခွက်ကို ကိုင်လျက် အခန်းတွင်း ဝင်လာခဲ့လိုက်သည်။
"အခြေအနေ ဘယ်လိုရှိလဲ ‌ရှောင်ချန်”

“အဆုံးထိ မပြီးသေးဘူး ရှေ့ရက်တွေတုန်းက ကျွန်တော် မရှိရှိတဲ့အချိန်လေးနဲ့ ဖဲ့လုပ်ပေးနေရတာ သိတဲ့အတိုင်းပဲ………..ငွေကြေးခဝါချမှုကိစ္စနဲ့ စီးပွားရေးစုံစမ်းစစ်ဆေးရေးဌာနခွဲက အဖွဲ့ခေါင်းဆောင်ပိုင် ကို ကူညီပေးနေရလို့လေ…..မြေအောက် လောင်းကစားလုပ်ငန်းတွေ ပါဝင်နေတဲ့အပြင်ကိုမှ သူတို့ရဲ့ အဆက်အသွယ်တွေကိုပါ စောင့်ကြည့်နေရ‌သေးတယ်…အဖွဲ့တစ်ဖွဲ့စီက တည်နေရာတစ်ခုစာအတွက် တာဝန်ယူရပြီးတော့  တစ်ပတ်လုံးစာကို ကျွန်တော်တို့ အလှည့်ကျနဲ့ ကင်းစောင့်ပေးနေရတာ…”
ရှောင်ချန် ၏ စားပွဲခုံသည် ဆဲလ်ဖုန်း အစိတ်အပိုင်းများဖြင့် ရှုပ်ပွနေ၏။
"ဒီနေ့ ပြန်ပြီး အနားယူဖို့ အလှည့်ကျတာ ကျွန်တော်ဆိုတော့ ဖုန်းပြင်ဖို့ ဌာနကို အမြန်ပြန်လာခဲ့လိုက်တာပဲ"

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now